Speaker ကောင်းတယောက်ဖြစ်ဖို့ ဘာတွေပြင်ဆင်သင့်သလဲ?
speaker
Zawgyi ………………………
Unicode…………………………..
ကျွန်တော်တို ့စီးပွားရေး၊ နိူင်ငံရေးနှင့် လူမူရေးတွေမှာအောင်မြင်သူအဖြစ် ရပ်တည်နိူင်ဖို ့ဆိုရင် စကားပြောတဲ့စွမ်းရည်ဟာ အလွန်ဘဲ အရေးပါတဲ့အစိတ်အပိုင်းကနေပါဝင်နေတဲ ့အချက်တစ်ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြောလိုက်တဲ့စကားဟာ အချိန်တိုတိုအတွင်း လူတွေရဲ့ ရင်ထဲ ၊ နှလုံးသားထဲကို ရောက်အောင်ပြောနိူင်ဖို ့ဆိုတာ လွယ်မယောင်နဲ ့ခက် တိမ်မယောင်နဲ ့နက်တဲ ကိစ္စရပ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို ့ လူတွေရှေ ့မှာ စကားပြောဖို ့အချိန်လည်း ရောက်နေပြီ ၊ ကိုယ်ပြောနေတဲ့ စကားကိုအချိန်တိုအတွင်း နားထောင်မယ့်လူတွေ အတွက်အကျိုးရှိစေဖို ့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ။
ကိုယ်ပြောရမယ် ့ ပွဲအခြေအနေကို ကောင်းမွန်စွာ ကြိုတင်လေ့လာသင့်ပါတယ်။ ဒီလိုပွဲမျိုးမှာ ကိုယ့်ကို Speaker တစ်ယောက် အနေနဲ ့တက်ပြောခိုင်းမယ်ဆိုရင်ဆိုတဲ့အသိနဲ ့ ကိုယ့်ပါတ်ဝန်းကျင်မှာ လက်ရှိပွဲတက်နေတဲ့ လူတွေ ဘယ်လို စကားမျိုးကိုပြောရင် သူတို ့အတွက် ပိုအကျိုးရှိမလဲဆိုတာကို ကောင်းမွန်စွာလေ့လာပြီးပြင်ဆင်သင့်ပါတယ်။
ကိုယ့်ကို Speaker တစ်ယောက်အနေနဲ ့ဖိတ်ခေါ်တဲ ့ပွဲတွေဆို ပိုပြီးဆင်ခြင်သင့်ပါတယ်။ ပွဲမတက်ခင်အပြင်မှာ ကျင်းပဆိုသလို ကိုယ့်ကိုကိုယ်ပိုမိုပြည့်စုံတဲ ့လူတစ်ယောက် ဖြစ်ဖို ့အတွက်ကိုယ်ပြောမယ် ့စကားလုံးတွေ ၊ ကိုယ်ဝတ်ဆင်ရမယ် ့အကျီက အစ ကြိုတင်ကောင်းမွန်စွာ ပြင်ဆင်သင့်ပါတယ်။
စကားအရှည်ကြီး ပြောတဲ ့အကျင့်ကို ရှောင်ရှားရပါမယ် ။ဒီဘက်ခေတ်က လူအများစုဟာ လူတစ်ယောက်ပြောတဲ့ စကားကို ကောင်းမွန်စွာ အာရုံစူးစိုက်နိူင်ဖို ့( ၁၅) မိနစ်လောက်သာ အချိန်ပေးနိူင်ကြပါတယ်။ ကိုယ်ပြောချင်တဲ ့အကြောင်းအရာမှာ အဓိက အကြောင်းအရာကိုနားထောင်သူ ရင်ထဲရောက်အောင်ပြောပြီး ကောင်းမွန်တဲ့ ဥပမာကောင်းတွေ နှင့်ယှဉ်တွဲ ပြောသင့်ပါတယ်။
ကိုယ်ပြောရမယ့်အကြောင်းအရာတွေများနေခဲ့မယ်ဆိုရင် နားထောင်သူတွေ ငြီးငွေ ့မူမရှိစေဖို ့အတွက် ပညာတတ်ဆန်တဲ့ ရယ်မောစရာတွေ ထည့်သွင်းပြောကြားသင့်ပါတယ်။ဒီလိုကိုယ့်ရဲ့ ဟာသမြောက် စကားလုံး တွေကြောင် ့ကိုယ် ့နေရာကိုနောက်တစ်ဆင့်ထပ်ရောက်တဲ့အထိတိုးမြှင့်ပေးရာလည်းကျပါတယ်။
ကိုယ်စကားပြောနေတဲ့ အချိန်ကျောက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီးပြောနေမယ့်အစား ကိုယ်ရဲ့ ကိုယ်ဟန်အမူအရာနဲ ့ရွေ ့လျားပြီး လူတိုင်းကို attention ပေးပြီးပြောတာဟာ နားထောင်သူများ အတွက် ရသမြောက်တဲ ့Performance တစ်ခုဖြစ်ပြီး ၊ ကိုယ့် မျက်လုံးတွေက လည်းစဉ်းစားပြီးပြောဆိုနေတဲ ့ပုံစံမျိုးကို မပြုလုပ်မိဖို ့အရေးကြီးပါတယ်။ ကိုယ့်မျက်လုံးတွေက ပရိတ်သတ်ကြားကလူတစ်ယောက်စီကို ရသမြောက်မူကို အမြင့်ဆုံးရောက်ဖို ့အတွက် ကိုယ်ပြောတဲ့ စကားလုံးတွေနှင့်လိုက်လျောညီထွေမူရှိတဲ့ ခံစားမူရသအလိုက်ပြောင်းလဲသင့်ပါတယ်။
Advertisements
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s