ADS.com.mm ကို အသုံးပြုပြီး ၁၂ နာရီအတွင်း TV စင်ရောင်းထွက်သွားတဲ့ ကိုကျော်သူရရဲ့ Success Story

Story 800x533

အရောင်းအဝယ် ဖြစ်သွားတဲ့အကြောင်း မျှဝေရင်း ဆုငွေ ၄၀,၀၀၀ ကျပ် ရယူလိုက်ပါ။

ကိုကျော်သူရကတော့ ၁၂ နာရီအတွင်း သူ့ရဲ့တီဗွီစင် ရောင်းထွက်သွားပါတယ်။

မင်္ဂလာပါ အကို ကျွန်တော်က ads.com.mm ကပါ။ အကို့ နာမည်လေး တစ်ချက်လောက် မိတ်ဆက်ပေးပါလား။

ဟုတ်ပြီ ညီလေး အကိုနာမည်က ကျော်သူရပါ။ တွေ့ရသာဝမ်းသာပါတယ်။

နေရပ်လိပ်စာ၊ မိသားစုအကြောင်း၊ အသက်နဲ့ အလုပ်အကိုင်လေးပြောပေးပါဦး ။

အကိုနေတာကတော့ လှိုင်မြို့နယ်ပေါ့။ အကိုက အလုပ်ကတော့ သင်္ဘောသားပေါ့။ ပြန်ရောက်တာတော့ ၁၀ ရက်လောက်ပဲ ရှိသေးတယ်။ မိသားစုက ၄ ယောက်ပေါ့။

သားတစ်ယောက်၊ သမီးတစ်ယောက် ဒါပါပဲ။

အင်တာဗျူးက Success Story အကြောင်းပါ။ ads.com.mm မှာ ရောင်းထွက်သွားတဲ့သူတွေကို အင်တာဗျူးတဲ့ အကြောင်းလေးပါ။ ပထမဦးဆုံးအနေနဲ့ ads.com.mm ကို ဘယ်လိုစသိခဲ့တာလဲခင်ဗျ။

ဘယ်လိုစတွေ့လဲဆိုတော့ ဟိုဒီ ဖွင့်ကြည့်ရင်း ads.com.mm ကို တွေ့တယ်။ နောက် သူများတွေ ကြော်ငြာတာတွေ အကိုတွေ့တယ်။ ကြော်ငြာတာတွေက ရောင်းတာတို့၊ ဝယ်တာတို့ အကုန်လိုက်ကြည့်တော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ လိုချင်တာလည်း ရှိတယ်ပေါ့။ အဲ့ကနေပြီ စသိတာပေါ့။ အကောင့်ဖွင့်ရတာပေါ့။ အစကတော့ နည်းနည်းလေး အခက်အခဲဖြစ်တယ်။ သိပ်မလုပ်တတ်တော့ အကောင့်ကို ၄ ၅ ခါလောက်ဖွင့်ရတာပေါ့။ အဲ့လိုဖွင့်ရာကနေ ရသွားတယ်ပေါ့။ အဲ့ဒီကစပြီး အကိုပစ္စည်းတစ်ခုကို စမ်းတင်ကြည့်မယ်ဆိုပြီးတော့ တင်လိုက်တယ်။ ပစ္စည်းတစ်ခုဆိုတာလည်း Drill နဲ့ ဂနိုင်နာလေးကို တစ်ချက်စမ်းပြီးတင်ကြည့်လိုက်တယ်။ တင်တင်ချင်းပဲ နောက်တစ်နေ့ ကျတော့ ဖုန်းအဆက်အသွယ်ရတယ်။ နာမည်တော့မမှတ်မိတော့ဘူး။ လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်က။ အဲ့လူက ကလည်း အားချင်း အိမ်လာယူသွားပါတယ်။ အဲ့လိုကျတော့ အဆင်ပြေတယ်။ အကိုလည်း အဲ့လို ပိုနေတာတွေရောင်းရတာ ဝါသနာပါတယ်။ အဲ့ဒါရောင်းပြီးတော့ သင်္ဘော ပေါ်ပြန်တက်သွားတယ်။ အခုတစ်ခေါက်ပြန်လာတယ်။ ပြန်လာပြီးတာနဲ့ တီဗွီ စင်လဲမယ်ပေါ့ ။ အဲ့ဒါနဲ့ ads မှာ ကျွန်တော့် တီဗွီ စင်ကို ဓာတ်ပုံရိုက်ပြီး အချက်အလက်ဖြည့်ကာ တင်လိုက်တယ်ပေါ့။ တင်တင်ပြီးချင်းပဲ ၁၀ မိနစ်လောက်အတွင်းမှာ ဖုန်းဆက်လာတယ်။ ဖုန်းဆက်လာတဲ့နေရာက တိုက်ကြီးကပေါ့။ နောက်နေ့လာကြည့်မယ် လာယူမယ်ဆိုပြီးတော့ ပေါ့။ နောက် မိနစ် ၃၀ အတွင်းလောက်မှာထပ်ပြီးတော့ မလေးကလား မသိဘူး တစ်ယောက် ဆက်သွယ်တယ်။ အဲ့လူတွေကိုလည်း မရောင်းဖြစ်တော့ဘူးလေ။ ဘာဖြစ်လို့လည်းဆိုတော့ ရှေ့ကတစ်ယောက်ကိုလည်း ပြောပြီးပြီဆိုတော့။ နောက် ၁ နာရီဝန်းကျင်လောက်ကြာမယ်ထင်တယ်။ ဒေါပုံက တစ်ယောက်က ထပ်ဆက်သွယ်လာတယ်။ အဲ့တာနဲ့ ကျွန်တော်ကြော်ငြာကို ပြန်ဖျက်လိုက်တယ်။ ဖုန်းခဏခဏ လာမှာ စိုးလို့။

အကိုကြော်ငြာတင်တဲ့နေ့ရယ်၊ ကြော်ငြာတင်တဲ့အချိန်နှင့် ရောင်းထွက်သွားတဲ့အချိန်လေး ပြန်ပြောပေးပါဦးခင်ဗျ။

နေ့က ၁ဝ ရက်နေ့ နိုဝင်ဘာလပါ။ အင်္ဂါနေ့ညလက်လောက်ပေါ့။ ၇နာရီ ၂၀ လောက်ကပါ။ ဓာတ်ပုံရိုက်ပြီး တင်လိုက်တယ်။ တင်လိုက်ပြီးတော့ မကြာဘူး ၁၀ မိနစ်လောက်ပဲရှိမယ်။ တိုက်ကြီးဘက်က အမျိုးသားတစ်ယောက်ကစပြီး ဆက်သွယ်တာပေါ့။ ဈေးပြောတော့ ကြိုက်တယ်။ လာရတာနည်းနည်းဝေးတော့ ဈေးလေးနည်းနည်းပြင်ပေးပါပြောတယ်။ ကျွန်တော်ကလည်း ကြိုက်ရင်ယူ ဈေးပြင်ပေးပါမယ်။ နည်းနည်းပါးပါးတော့ လျှော့ပေးပါမယ်ဆိုပြီး ပြောလိုက်ပါတယ်။  နောက်နေ့ မနက် ၉ နာရီလောက် ချိန်းလိုက်တယ်။ ၁၁ ရက်နေ့ပေါ့ အရောင်းအဝယ် ဖြစ်သွားပါတယ်။ ဖုန်းခေါ်တာပြီး မေးတာ ၃ ၄ ခါလောက်ရှိပါတယ်။

ဝယ်သူနဲ့ အဲ့လို အပြင်မှာအရောင်းအဝယ်လုပ်တဲ့ အခါကြုံတွေ့ရတဲ့ အတွေ့အကြုံလေးပြောပေးပါဦး။ ဝယ်သူနဲ့ အွန်လိုင်းကနေတွေ့ပြီး အပြင်မှာအရောင်းအဝယ်လုပ်တဲ့ ဘယ်လိုမျိုး ဖြစ်သလဲပေါ့။

ကျွန်တော်က အဲ့လိုကြီးတော့ ခံစားချက်မရှိပါဘူး။ တစ်ခုတော့ရှိတယ် ကျွန်တော့်ပစ္စည်းလေး ရောင်းထွက်သွားတော့ ပျော်တာပဲရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လည်းအသုံးမလိုတဲ့ပစ္စည်း အိမ်မှာလည်း ပိုနေတဲ့ပစ္စည်း၊ ဝယ်မဲ့သူတွေအနေနဲ့ကလည်း ကိုယ့်ပစ္စည်းကို အသုံးဝင်တယ်ဆိုတော့ အဆင်ပြေတယ်ဆိုတဲ့ ခံစားချက်လေးပဲ ဖြစ်တယ်ပေါ့။ နောက်ပြီး အရောင်းအဝယ်လုပ်တဲ့နေရာမှာ အခက်အခဲလည်း မရှိဘူး။ သူတို့က လာကြည့်တယ်။ သူတို့အဆင်ပြေတယ် ယူသွားတယ်ဆိုတော့ အဆင်တော်တော်ပြေပါတယ်။ သူလာယူတဲ့ အခါကြတော့ ဈေးနည်းနည်း လျှော့ပေးလိုက်ပါတယ်။ ဒါကသက်သက်လျှော့ပေးလိုက်တာပါ။ သူကလည်း လာရတာဝေးတော့ ကားခအနေနဲ့လျှော့ပေးလိုက်တယ်ပေါ့။ တချို့ဒေါပုံက လူဆို ၁ သောင်း ပိုပေးမယ်ဆိုပြီး အကို့ကို ပြောတာ။ ၅ သောင်းဆိုရင်တောင် ဝယ်နိုင်တယ်လို့ ပြောတယ်။ ဒါပေမယ့် အစက လူနဲ့လည်း ပြောထားပြီးသားဆိုတော့ အဲ့လူကိုပဲ ရောင်းလိုက်ပါတယ်။

အကိုအခု ရောင်းလိုက်တဲ့ ပစ္စည်း(တီဗွီစင်)ရဲ့ အကြောင်းလေး ပြောပြပေးပါဦး ခင်ဗျ။ နောက်ပြီး ဘာကြောင့်ပြန်ရောင်းရလဲ ဆိုတာလေးပါ ပြောပေးပါဦးခင်ဗျ။

ကျွန်တော်လည်း အဲ့ဒါပြောချင်နေတာပါပဲ။ မှတ်မှတ်ရရ ၂၀၀၀ ခုနှစ် အကို သူငယ်ချင်း ပရိဘောဂဆိုင်ကနေ အကိုလိုချင်တဲ့ စိတ်ကြိုက်ဒီဇိုင်းနဲ့ မှာတာပေါ့နော်။ ဒါပေမယ့် ကိုယ့်ဖာသာကိုယ် ဒီဇိုင်းလုပ်တာတော့ နည်းနည်းစင်က မြင့်သွားတယ်ပေါ့။ ၃ပေ မြင့်တော့ အိမ်မှာ ကြည့်ရတာ နည်းနည်းမော့ကြည့်နေရတာပေါ့။ ပစ္စည်းကတော့ ကျွန်းနဲ့ ပြုလုပ်ထားပြီး ဖော်မီကာတွေနဲ့ ကွတ်ထားပါတယ်။  သက်တမ်း ၁၅ နှစ်လောက် ရှိပါပြီ။

အကိုဒီပစ္စည်းရောင်းဖို့အတွက် ads အပြင် နောက်ထပ် ဘယ်နေရာမှာများ ကြော်ငြာခဲ့သေးလဲခင်ဗျ။ ဥပမာ facebook မှာ (သို့)  အသိမိတ်တွေကိုပြောထားတာကောရှိလားခင်ဗျ။

အဲလိုမျိုးတော့ မရှိပါဘူး။ နောက်ပြီး အခုဝယ်တဲ့သူကိုလည်း အကုန်ဖြုတ်ပြီး ပေးလိုက်ပါတယ်။ ဘာမှပျက်စီးခြင်း မရှိသေးပါဘူး။ အဲ့တုန်းက ဝယ်တဲ့ဈေးနဲ့ဆို မှတ်မှတ်ရရ ၄၀၀၀၀ ပဲ ရှိတယ်။ အဲ့တုန်းက ၄၀၀၀၀ က တော်တော်များပါတယ်။ အဲ့တုန်းက အဲ့လိုပုံစံလေးတွေ သိပ်မပေါ်သေးဘူးဗျ။ အကို့က အဲလိုမျိုးရောင်းတာ ဝယ်တာတို့ကို စိတ်ဝင်စားပါတယ်။ အကို အဲ့လိုကြော်ငြာတင်ပြီးတာနဲ့ သူ့ကျွန်းစားပွဲကြီး ရောင်းဖို့တောင် ပေးထားတယ်။ သစ်ပင်ရဲ့ ဘေးအသား ကြီးပေါင်းအသားနဲ့ လုပ်ထားတယ်ပြောတယ်။ ဈေးကတော့ ၂ သိန်းနဲ့တော့ ခေါ်ထားပါတယ်။ တကယ့်ဈေးကတော့ ဒီထက်များပါတယ်။ အိမ်ကျယ်ကျယ်နေတဲ့သူတွေအတွက် အဲ့ဒီခုံကတော့ အဆင်ပြေပါတယ်။ တင်ထားတော့ မကြာသေးပါဘူး။ အဲ့ဒါကို ၁၀ ရက်နေ့မှာပဲ တင်လိုက်ပါတယ်။

ဝက်ဘ်ဆိုက်မှာ အကို့ကြော်ငြာတင်တော့ ဒီလိုမျိုးမြန်မြန် ရောင်းထွက်နိုင်မယ်လို့ ထင်လားခင်ဗျ။

အကိုကတော့ ဝယ်တဲ့သူနဲ့ တိုက်ရိုက်တွေ့ရင် အဆင်ပြေမယ် ထင်ပါတယ်။ ပထမဦးဆုံး စဉ်းစားတာကဈေးပေါ့။ ပထမဦးဆုံးက ဈေးမရေးဘဲနဲ့ လိုချင်ရင် ဆက်သွယ်ပါလို့ ရေးမလို့။ နောက်တော့ ဈေးမထည့်ရင် အဆင်မပြေလောက်ဘူးဆိုပြီး ဈေးကို သင့်တော်တဲ့ဈေးနဲ့ တင်လိုက်ပါတယ်။ အဲ့တော့ ကျွန်တော့်ဆီကို လွယ်လွယ်ကူကူနဲ့ပဲ ဆက်သွယ်နိုင်ပါတယ်။

နောက်မေးခွန်းတစ်ခုနဲ့ ကျွန်တော်တို့ ဝက်ဘ်ဆိုက်နဲ့ ပက်သက်ပြီး အသုံးပြုပုံ အခက်အခဲရှိမရှိ ၊ အကောင့်ဖွင့်ရတာနဲ့ ကြော်ငြာတင်ရတာ ကြုံရတဲ့ အခက်အခဲလေး ပြောပြပေးပါအုံး။

လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်ကစပြီး အကောင့်ဖွင့်တာ နည်းနည်းတော့ ခက်ခဲခဲ့ပါတယ်။ ခက်ခဲတယ်ဆိုတာကလည်း အင်တာနက်လိုင်းကြောင့်လည်းပါပါတယ်။ အကြာကြီးစောင့်နေရတယ်။ နောက်ပြီး မေးစရာလည်း လူမရှိဘူးပေါ့။ ဝက်ဘ်ဆိုက်မှာပါတဲ့ လမ်းညွှန်ချက်အတိုင်း အကောင့်ဖွင့်ခဲ့ပါတယ်။ အီမေးလ်ကနေ activate လုပ်ပြီး အဲ့လင့်ခ်ကနေ အကောင့်ရသွားတာပေါ့။ အဲ့ဒါနဲ့ ကျွန်တော်ရောင်းချင်တဲ့ပစ္စည်းကို စတင်ကြည့်လိုက်တာပေါ့။ ads.com.mm ကို IT Magazine တစ်ခုမှာ စတွေ့လိုက်ပါတယ်။ အဲ့မှာ ရောင်းချင်လား ဝယ်ချင်လားဆိုတော့ အကိုလည်း အဲ့လိုဝါသနာပါတာနဲ့ လုပ်ဖြစ်သွားတယ်ဆိုပါတော့။

အခုတင်တဲ့ ကြော်ငြာကတော့ အရင် အီးမေးလ်နဲ့ပဲလား ? နောက်ပြီး မြန်မာနဲ့ အင်္ဂလိပ်ကို ဘယ်ဟာပိုသုံးလဲခင်ဗျ။

ဟုတ်ကဲ့ ကျွန်တော်အရင်က ဖွင့်ထားတဲ့ အီးမေးလ်ပါပဲ။ မြန်မာလိုပဲ သုံးပါတယ်။

မြန်မာလိုဘာသာပြန်ပြီး ရေးထားတာတွေကော ရှင်းလင်းပါသလား ခင်ဗျ ?

ရှင်းတယ် ကောင်းတယ်.. တစ်ခါတစ်ခါကြရင် အကို့တို့ ဖုန်းပဲ ကြောင်တာလားတော့မသိဘူး။ စာတွေက တစ်ခါတလေကြရင် ဖတ်လို့မရဘူး ဖြစ်နေတယ်။ Zawgyi ကော Unicode ကော ဖတ်လို့ရရင် ပိုအဆင်ပြေမယ်။

အကို့ကြော်ငြာကို ads မှာဘယ်လိုကြော်ငြာတင်ခဲ့လဲဆိုတာပြောပြပေးပါဦး ?

ကျွန်တော်ကြော်ငြာတင်တဲ့အခါမှာတော့ ဘာမှ အခက်အခဲမရှိပါဘူး။ ဝက်ဘ်ဆိုက်မှာပါတဲ့ လမ်းညွှန်ချက်အတိုင်း ဖြည့်ခဲ့တာပါပဲ။ ပထမဦးဆုံး မြို့နယ်။ ဘာပစ္စည်းအမျိုးအစားလဲ၊ ပုံ။ အချက်အလက် ဈေးနှုန်းတွေ ဖြည့်ပါတယ်။ လွယ်လွယ်ကူကူပါဘဲ။

ပစ္စည်းတွေကိုရော ဝယ်ဖို့အတွက် ရှာကြည့်ပါသေးလား ?

ရှာတယ်။ အမြဲတမ်းကို ကြည့်မိတယ်။ တချိန်လုံးကို ဖွင့်နေတော့တာပဲ။ ကျွန်တော်က အဲ့လို ပစ္စည်းတွေရှာရတာ ဝါသနာကိုပါတာ။ ဆိုဖာတွေ ဘာတွေကိုလည်း ကြည့်ဖြစ်တာ များပါတယ်။ တစ်ခါတော့တွေ့ဘူးတယ်။ အရည်အသွေးလည်းကောင်းတယ် ၃ သိန်းနဲ့ ရောင်းထားတာတွေ့မိပါတယ်။ အဲ့တုန်းက ကျွန်တော်က သင်္ဘောပေါ်မှာဆိုတော့ မဝယ်ဖြစ်လိုက်ဘူး။ သေချာရှာမယ်ဆိုရင် ပစ္စည်းကောင်းတွေကို ဈေးသက်သက်သာသာနဲ့ တွေ့နိုင်ပါတယ်။ တကယ်ရောင်းမဲ့သူပေါ့။ နောက်တစ်ခုအားသာချက်ကတော့ တကယ်ရောင်းမယ့်သူ ပွဲစားလည်း မဟုတ်ဘူးဆိုတော့ ဝယ်ရတာ နှစ်ဦးနှစ်ဖက် အဆင်အရမ်းပြေတာပေါ့။ ပစ္စည်းကလည်း ပိုနေတယ်. နောက်တစ်ခုကိုလည်း လဲချင်တယ်။ ကျွန်တော့် လိုပဲပေါ့။ ဖုန်းနဲ့ပဲ အသုံးပြုတာပါ။ ကွန်ပျူတာကကြတော့ နည်းနည်းခက်တယ်။ ဖုန်းနဲ့ဆို ကျွန်တော့်အတွက် ads ကို အသုံးပြုရတာ ပိုလွယ်တယ်။ အခုလည်း ကျွန်တော် External HDD တစ်လုံးနဲ့ သားအတွက် စက်ဘီးတွေကိုလည်း ရှာကြည့်ပါတယ်။

Ads အတွက် အကြံပြုချက်လေးပြောပေးပါဦး

အကြံပြုချက်အနေနဲ့ မြန်မာစာ အခက်အခဲတော့ ရှိပါတယ်။ Zawgyi Unicode ၂ ခုနဲ့ အဆင်ပြေမယ်ဆိုရင် ရပါတယ်။ Huawei ဖုန်းနဲ့ပဲ အသုံးပြုပါတယ်။ ဖုန်းကြောင့်ဖြစ်မယ်ထင်တယ်။ တစ်ခါတစ်လေကြရင် မြန်မာစာ မမြင်ရဘူး….။

စာဖတ်သူတို့လည်း ကိုကျော်သူရလိုမျိုး ကိုယ့်အိမ်မှာ အသုံးမလိုတော့တဲ့ ပစ္စည်းတွေကို ပြန်လည်ရောင်းချပြီး Ads.com.mm ရဲ့ Success Story အစီအစဉ်မှာ ပါဝင်ရင်း ငွေကျပ်လေးသောင်းကို ထပ်မံရယူနိုင်ခွင့်ကို ပါဝင်ပူးပေါင်းကြစေလိုပါတယ်။ အိမ်မှာပိုနေတဲ့ ပစ္စည်းတွေကို ရောင်းချင်တယ်ဆိုရင်တော့ https://www.ads.com.mm/posts/new ကို click နှိပ်ပြီး အချိန်တိုအတွင်းမှာ ရောင်းချနိုင်ကြပြီ ဖြစ်ပါတယ်။

Advertisements

Author: Si Gee

Si Gee is a professional technology writer. In past, he worked as an editor at several tech related printed media. And he also worked at a few web startups companies and build many websites. Now he is working full-time at an media agency as a digital marketing strategist and still writing tech related articles, reviews and tutorials on various media as a part-time contributor.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s