Gym မသွားခင် ဘာတွေကို ရှောင်ရမလဲ

1446624962

[Zawgyi]



[Unicode]

အခုအချိန်မှာ ယောက်ျားလေးတွေရော၊ မိန်းကလေးတွေရော ကျန်းမာရေးကောင်းဖို့ ဆိုတာနဲ့ ခန္ဓာကိုယ်အလှအပတွေအတွက် Gym သွားကစားကြတာတွေ ခေတ်စားလာပါတယ်။ Gym မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ အခက်အခဲတွေ မဖြစ်ရအောင်၊ ကိုယ်ကစားသလောက် အကျိုးဖြစ်အောင် Gym မသွားခင်မှာ ဘယ်လိုအပြုအမူတွေကို ရှောင်ကျဉ်သင့်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ နံပါတ် ၁ က အကြာကြီးအိပ်ပြီး Gym မသွားပါနဲ့။ ခဏတဖြုတ် တမှေးလောက် အိပ်ထားတာက လေ့ကျင့်ခန်းလုပ်တဲ့အခါ energy ပိုကောင်းလာစေတယ်ဆိုပေမယ့် မိနစ် ၃၀ ထက်ကျော်ပြီး အိပ်တာမျိုးက မကောင်းပါဘူး။ နံပါတ် ၂ က ကြွက်သားတွေကို ဆန့်ထုတ်တာမျိုး မလုပ်ပါနဲ့။ အရင်ကတော့ ကြွက်သားတွေကို အကြောလျော့တာမျိုး ဆွဲဆန့်တာက အလေးတွေမတဲ့အခါ ကောင်းတယ်လို့ ထင်ခဲ့ကြပေမယ့် အခုကတော့ ဒီလိုလုပ်တာက ကြွက်သားတွေကို ဒဏ်ရာရစေနိုင်တဲ့အပြင်၊ လေ့ကျင့်ခန်းလုပ်ရာမှာ ကြွက်သားတွေ အားနည်းသွားစေတယ်လို့ တွေ့ရှိချက်တွေ ရှိလာပါတယ်။ နံပါတ် ၃ က စိတ်ဖိစီးမှုများနေတာမျိုး မဖြစ်အောင်နေပါ။ စိတ်ဖိစီးမှုဟာ ကြွက်သားတွေကို အကြီးအကျယ်ဒုက္ခပေးပါတယ်။ စိတ်ဖိစီးမှုဟာ ကော်တီစောတွေ ထွက်လာစေပြီး၊ ကြွက်သားကို ထိခိုက်စေပါတယ်။ နံပါတ် ၄ အနေနဲ့ ကဖိန်းဟာ အနည်းငယ်ဆိုရင်တော့ energy တက်လာဖို့နဲ့၊ အာရုံစူးစိုက်မှုကောင်းလာဖို့တွေအတွက် အသုံးဝင်ပေမယ့်၊ အရမ်းများရင်တော့ နှလုံးခုန်မြန်လာတာ၊ စိတ်လှုပ်ရှားတာ၊ မူးဝေတာတွေ ဖြစ်နိုင်ပါတယ်။ နံပါတ် ၅ ကတော့ အစာစားတာပါ။ အနည်းငယ်လောက်ဆိုရင် ပြဿနာမဟုတ်ပေမယ့်၊ ခပ်များများလေးစားမိရင် ဗိုက်အောင့်တာ၊ ဗိုက်နာတာ၊ မူးဝေတာတွေ ဖြစ်လာနိုင်ပါတယ်။ အစာတွေ ဗိုက်ထဲများနေရင် သွေးတွေက ကြွက်သားထဲရောက်မယ့်အစား၊ ဗိုက်ထဲကိုရောက်တာပိုများပြီး၊ လေ့ကျင့်ခန်းက အလုပ်မဖြစ်တော့ပဲ နေပါလိမ့်မယ်။ Ads.com.mm အသုံးပြုသူတွေရော Gym ကစားကြပါသလား၊ အပြင်မသွားချင်လို့ အိမ်မှာပဲ လုပ်မယ်ဆိုရင်၊ လေ့ကျင့်ခန်းနဲ့ ပတ်သက်တဲ့ စက်တွေကို Ads.com.mm မှာ အခမဲ့ရှာဖွေကြည့်နိုင်ပါတယ်။

အားကစားနဲ့ ကြံ့ခိုင်မှုဆိုင်ရာပစ္စည်းတွေကို ဒီနေရာကိုနှိပ်ပြီး ရှာကြည့်နိုင်ပါတယ်။

Advertisements

Author: Si Gee

Si Gee is a professional technology writer. In past, he worked as an editor at several tech related printed media. And he also worked at a few web startups companies and build many websites. Now he is working full-time at an media agency as a digital marketing strategist and still writing tech related articles, reviews and tutorials on various media as a part-time contributor.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s