အိမ္မေျပာင္းခင္ ဘာေတြျပင္ဆင္ရမလဲ

home moving

[Zawgyi]

ပထမပိုင္း။ ။ ျပင္ဆင္စုေဆာင္းျခင္း

ပစၥည္းေတြ ထုတ္ပိုးဖို႔အတြက္ လိုအပ္တဲ့ ပစၥည္းေတြကို အရင္စုေဆာင္းပါ။ အိမ္အျပာင္းအေရႊ႕ေတြမွာ သံုးတတ္တဲ့ ကတ္ထူစကၠဴပံုးေတြကို အရြယ္အမ်ိိဳးမ်ိဳးနဲ႔ရေအာင္ စုေဆာင္းထားပါ။ ကိုယ္သံုးမယ့္၊ ပံုးေတြ၊ ဘူးေတြဟာ ပစၥည္းေတြရဲ႕ အေလးခ်ိန္ကိ ခံႏိုင္ၿပီး၊ ျပဳတ္က်ရင္၊ ကားထဲမွာ လွဳပ္သြားရင္ မပ်က္ဆီးမယ့္ဟာမ်ိဳး ျဖစ္ဖို႔ လိုပါတယ္။ ပံုးေတြအျပင္ ပစၥည္းသယ္ယူရာမွာ တစ္ခုနဲ႔တစ္ခု ထိခိုက္ၿပီး မကြဲရေအာင္ ၾကားကခံေပးမယ့္ အခံေလးေတြ၊ အဝတ္နဲ႔ ထုတ္သြားရမယ့္ ပစၥည္းေတြအတြက္ ပုဆိုးတို႔၊ ေစာင္တို႔လို အထည္ေတြ၊ ပန္းကန္ေတြ၊ ဖန္ခြက္ေတြကို ပတ္ၿပီးသိမ္းႏိုင္မယ့္ စကၠဴစေတြ၊ သတင္းစာစကၠဴေတြကို လိုအပ္ပါတယ္။ ေနာက္ ပစၥည္းသယ္တဲ့ေနရာမွာ လံုလံုေလာက္ေလာက္ ခိုင္ခံႏိုင္ေစမယ့္ တိတ္ေခြေတြ၊ ကက္ေၾကးေတြ၊ ေလဘယ္ေတြ လုိက္ကပ္ႏိုင္တဲ့ စတစ္ကာေလးေတြ စသျဖင့္ အမ်ိဳးမ်ိဳး လိုအပ္မွာပဲ ျဖစ္ပါတယ္။

ဒါေတြစံုသြားၿပီဆိုရင္ ထိပ္ဆံုးစလုပ္ရမွာက ကိုယ္ေျပာင္းေရႊ႕မယ့္ ပစၥည္းေတြအတြက္ စာရင္းတစ္ခုလုပ္ရမွာပါ။ အိမ္ေျပာင္းမယ့္ကားကို ဘယ္အခ်ိန္ေခၚထားတယ္၊ အိမ္ေျပာင္းေပးမယ့္ ကုမၸဏီရဲ႕ ဖုန္းနံပါတ္ ဆက္သြယ္ရမယ့္သူ၊ ေနာက္တစ္ဘက္က ကိုယ္အသစ္ေျပာင္းမယ့္အိမ္ရဲ႕ လက္ရွိအိမ္ရွင္ နံပါတ္ေတြကို စုထားရပါမယ္။ ေျပာင္းမယ့္ေန႔ေရာက္ၿပီဆိုတာနဲ႔ အဲဒီစာရင္းနဲ႔အတူ၊ အိမ္ေျပာင္းေပးတဲ့သူေတြကို ေပးမယ့္မုန္႔ဖိုးတို႔၊ ဧည့္စာရင္းေတြဘာေတြ လုပ္ဖို႔ ရပ္ကြက္႐ံုးရဲ႕ လိပ္စာတို႔ကိုပါ တစ္ပါတည္းကိုယ္နဲ႔အတူ ရွိေနပါေစ။ အေရးပါတဲ့ စာရြက္စာတမ္းေတြကို အဓိကထားသိမ္းဆည္းဖု႔ိလိုၿပီး၊ ကိုယ္နဲ႔အနီးစပ္ဆံုး လက္လွမ္းမီတဲ့ေနရာမွာ ထားဖို႔ လိုအပ္ပါတယ္။ ဒါမွတျခားအိတ္ေတြ၊ ပံုးေတြနဲ႔ ဒီအေရးပါတဲ့ ပစၥည္းေတြထည့္ထားတဲ့ ေနရာက ေရာေထြးမသြားမွာပါ။

ေကာင္းတာကေတာ့ ျဖစ္ႏိုင္ရင္ မိသားစုဝင္ေတြရဲ႕ ပစၥည္းေတြကို တစ္ရက္ကို တစ္ေယာက္စာႀကိဳၿပီး ထုပ္ပိုးတာ ေကာင္းပါတယ္။ အဲဒါဆိုရင္ သားအတြက္ပစၥည္းေတြကို သမိးရဲ႕ ပံုးထဲေရာက္ေနတာမ်ိဳး ျဖစ္ေတာ့မွာ မဟုတ္ပါဘူး။ တစ္ေယာက္ခ်င္းစီရဲ႕ အဝတ္အစား၊ အိပ္ယာ၊ က်န္းမာေရးသံုး သြားပြတ္တံ စသျဖင့္ ပစၥည္းေတြကို သီးသန္႔စီခြဲၿပီး ထည့္သြားသင့္ပါတယ္။ အိမ္အကူးအေျပာင္းေန႔ေတြအတြက္ လိုအပ္တဲ့ အထည္ ၂ ထည္ေလာက္ပဲ တစ္ေယာက္စီအတြက္ ထားထားတာ ေကာင္းပါတယ္။ အဲဒီပစၥည္းပံုးေတြကို ျဖစ္ႏိုင္ရင္ အိမ္မွာရွိတဲ့တျခားပစၥည္းေတြနဲ႔ေရာၿပီး ထားမယ့္အစား တစ္ေနေနရာမွာ ခြဲထားႏိုင္ရင္ ပိုေကာင္းပါတယ္။ ဥပမာ၊ အိမ္နဲ႔နီးနီးနားနားက ကိုယ့္သူငယ္ခ်င္းအိမ္လိုမ်ိဳးမွာပါ။

အဝတ္အစားေဟာင္းေတြကိုေတာ့ ပစၥည္းေတြတစ္ခုနဲ႔တစ္ခုအၾကား ခံဖို႔သံုးႏိုင္ပါတယ္။ ကြဲတတ္ရွတတ္တာေတြကို Bubble wrap လို႔ေခၚတဲ့ ပစၥည္းအသစ္ေတြဝယ္ရင္ ထည့္ေပးလုိက္တဲ့ ပလတ္စတစ္အစမွာ ပူေဖာင္းေလးေတြပါတဲ့ အစမ်ိဳးနဲ႔ ပတ္ထားႏိုင္ပါတယ္။ ဝိုင္ခြက္တို႔၊ ေသာက္ေရခြက္တို႔ကို အေကာင္းဆံုးထိန္းသိမ္းတဲ့ပံုစံက အထဲမွာ သတင္းစာစကၠဴကို ခပ္ထူထူခံေပးၿပီး၊ အျပင္ကေန ေျခအိတ္သန္႔သန္႔နဲ႔ စြပ္ထားလိုက္တာပါပဲ။ အဲဒါဆို အခ်င္းခ်င္း ႐ိုက္မိလည္း မကြဲေတာ့ပါဘူး။
တကယ္လို႔ တီဗီႀကိဳးေတြတပ္တာလို႔ အရမ္း႐ွဳပ္ေထြးတာမ်ိဳးေတြဆိုရင္ တစ္ခါတည္း ဖုန္းနဲ႔ဓါတ္ပံု႐ိုက္ထားပါ။ ေနာက္အိမ္ေရာက္လုိ႔ ျပန္ဆင္ခ်င္တယ္ဆိုရင္ ပံုထဲကအတိုင္း ျပန္ဆင္လိုက္႐ံုပါပဲ။ ႀကိဳးေတြမွာ ေလဘယ္ေလးေတြ တပ္ေပးထားတာကလည္း အလုပ္ျဖစ္ပါတယ္။

ဒုတိယပိုင္း။ ။ ထိေရာက္စြာထုတ္ပိုးျခင္း

အိမ္မွာေနရာလြတ္တစ္ခုရွာပါ။ ခပ္က်ယ္က်ယ္နဲ႔ ပစၥည္းေတြ ပံုထားလို႔ရမယ့္ေနရာမ်ိဳးပါ။ ပစၥည္းေတြထုတ္ပိုးဖို႔အတြက္ လိုအပ္တဲ့ပစၥည္းေတြကို အဲဒီမွာထားပါ။ ကတ္ေၾကးတို႔၊ တိတ္တို႔၊ ေဆာ့ပင္တို႔တေတြကို စုထားပါ။

ဘူးေတြတစ္ဘူးခ်င္းစီကို ပိတ္ေနရင္းနဲ႔ တစ္ဘူးပိတ္ၿပီးသြားတိုင္း တစ္ဘူးကို နံပါတ္တပ္ပါ။ ၿပီးရင္ဒါဘယ္သူ႔ပစၥည္းေတြ၊ အထဲမွာဘာေတြပါတယ္ဆိုတာကို Label ေတြ တပ္ေပးပါ။ အဲဒါဆိုရင္ ကိုယ့္မွာဘူးဘယ္ႏွစ္ဘူးရွိတယ္ဆိုတာကို သိေနၿပီး၊ ေပ်ာက္ေနတယ္ဆိုရင္ ေပ်ာက္ေနမွန္းခ်က္ခ်င္းသိႏိုင္ေနသလို၊ ဘယ္သူ႔ပစၥည္း၊ ဘာပစၥည္းေတြ ေပ်ာက္သြားတယ္ဆိုတာကိုပါ ခ်က္ခ်င္းသိေစမွာပါ။

စၿပီးထုတ္ပိုးၿပီဆိုတာနဲ႔ ၾကားထဲမွာ ေနရာလြတ္မက်န္ေအာင္ အတတ္ႏိုင္ဆံုး ထုတ္ပိုးပါ။ ပစၥည္းေတြ တစ္ခုနဲ႔တစ္ခုအၾကား ေနရာလြတ္ျဖစ္ေနရင္၊ အကႌ်အဝတ္အစားေတြ၊ ေစာင္လိုဟာမ်ိဳးေတြ၊ ခုေပးခံေပးပါ။ ပစၥည္းေတြထည့္ရာမွာ ဘူးႀကီးေတြထဲမွာ အထိအခိုက္အနည္းဆံုးနဲ႔ ဝင္သြားမယ့္ ပံုစံျဖစ္ေအာင္ ဂ႐ုတစိုက္နဲ႔ ထည့္ေပးရပါလိမ့္မယ္။ အေလးဆံုးပစၥည္းေတြက ေအာက္ဆံုးမွာ ရွိသင့္ၿပီး ေပါ့တဲ့ပစၥည္းေတြကို ေလးတဲ့ပစၥည္းေတြရဲ႕ အေပၚမွာ ထားပါ။ ဘူးေတြထဲကို ဆန္႔ႏိုင္သမွ်ဆန္႔ေအာင္ ထည့္ေပးပါ။

ေလးတဲ့ပစၥည္းေတြကို ဘူးခပ္ေသးေသးေတြနဲ႔ ခြဲခြဲၿပီးထည့္ပါ။ ေပါ့ၿပီးပြတဲ့ပစၥည္းေတြကို ဘူးအႀကီးေတြနဲ႔ ထည့္ပါ။ မဟုတ္ရင္ ဘူးအႀကီးႀကီးထဲမွာ အေလးေတြခ်ည္းစုျပံဳထည့္လုိက္ရင္ ဘူးကမႏိုင္ပဲ ကြဲထြက္ၿပီး ပစၥည္းေတြမရင္ ထြက္က်လာႏိုင္ပါတယ္။ ကြဲတတ္ရွတတ္တာေတြကို ဂ႐ုစိုက္ထည့္ပါ။ ဘူးရဲ႕အျပင္မွာ ကြဲတတ္တယ္လုိ႔ ထင္ထင္ရွားရွားေရးထားပါ။ တကယ္လို႔လိုအပ္မယ္ဆိုရင္ ဘူးရဲ႕အျပင္ကေန ပလတ္စတစ္နဲ႔ တစ္ထပ္ထပ္ၿပီး ပတ္ထားပါ။ အရည္ေတြထည့္ထားတဲ့ ပုလင္းေတြပါရင္ေတာ့ ပုလင္းကို ကၽြတ္ကၽြတ္အိတ္နဲ႔ထုတ္ၿပီး သားေရပင္နဲ႔ အေပၚကေန စီးေပးထားရင္ အရည္ေတြ ဖိတ္မွာမပူရပါဘူး။ တကယ္လို႔ မိတ္ကပ္လို ကြဲတတ္တဲ့ ပစၥည္းေတြဆိုရင္ေတာ့ တစ္ခုနဲ႔တစ္ခုအၾကား ဂြမ္းေလးေတြ ခံေပးႏိင္ပါတယ္။

ဘူးထဲမွာေနရာလြတ္ေတြျဖစ္လာရင္ စကၠဴတို႔၊ သတင္းစာတို႔က ၾကားကညႇပ္ေပးပါ။ ထမင္းစားခန္းအတြက္ ပစၥည္းေတြဆိုရင္ ထမင္းစားခန္းက ပစၥည္းေတြဆုိတဲ့ ဘူးထဲမွာပဲထည့္ပါ။ ပစၥည္းေတြ စထည့္ကတည္းက တစ္ခန္းခ်င္းစီကို ကန္႔ၿပီး၊ တစ္ခန္းၿပီးတစ္ခန္းထည့္ပါ။ ထည့္ၿပီဆုိရင္လည္း ေသးတာေတြက အရင္စထည့္ပါ။ ဘူးေတြရဲ႕စာရင္းစာရြက္မွာေရာ၊ ဘူးေပၚမွာပါ ဒီဘူးထဲဘာေတြရွိတယ္ဆိုတာကို တစ္ခါတည္း စာရင္းလုပ္ပါ။ ဒီလိုလုပ္တာဟာ ပစၥည္းေရႊ႕တဲ့သူေတြအတြက္လည္း လြယ္ကူေစပါတယ္။ ဥပမာ၊ ထမင္းစားခန္းလို႔ တံဆိပ္ကပ္ထားတဲ့ ဘူးဆိုရင္ တစ္ခါတည္း ထမင္းစားခန္းထဲမွာ ထည့္ထားေပးခဲ့လိုက္႐ံုပါပဲ။

ဘုရားစင္တို႔၊ တီဗီတင္တဲ့စင္တို႔၊ ဖိနပ္စင္တို႔လို တစ္စစီျဖဳတ္သယ္လို႔ ရတာေတြကို အရင္ျဖဳတ္ထားၿပီး အဲဒီအတြက္သံုးတဲ့ ဝက္အူလွည့္တို႔၊ ပလာယာတို႔ကို အိတ္တစ္အိတ္ထဲ အကုန္စုၿပီးထည့္ထားပါ။ အိမ္ေျပာင္းၿပီးသြားရင္ ဒါေတြကို တစ္စုတစ္စည္းတည္းထားတဲ့အတြက္ ျပန္သံုးခ်င္လို႔ရွာရင္ လြယ္ပါလိမ့္မယ္။ တီဗီအတြက္ လိုအပ္တဲ့ႀကိဳးတို႔၊ ရီမုတ္တို႔ကို အတူတူ တီဗီတို႔၊ DVD player တို႔နဲ႔အတူ တစ္စုတစ္စည္းတည္းထားပါ။

အခန္းေတြကို တစ္ခန္းခ်င္းရွင္းပါ။ မီးဖိုေခ်ာင္ကစရွင္းပါ။ အမွိဳက္ေတြပစ္ပါ။ အစားအစာထည့္တဲ့ ဗီဒိုေတြ၊ အံဆြဲေတြကို တစ္ခုခ်င္းရွင္းထုတ္ပါ။ မီးႀကိဳးေတြ၊ မီးလံုးေတြ၊ မီးေခ်ာင္းေတြကို တစ္စုတစ္စည္းတည္းထားပါ။ ေရပိုက္ေတြကို ေခြထားပါ။ ပရိေဘာဂေတြ၊ အိပ္ယာေတြကို သပ္သပ္စီ ခြဲထုတ္ထားပါ။ ေရခဲေသတၱာကို မီးပိတ္ၿပီး ေရခဲေတြကြာသြား၊ ေျခာက္သြားသည္အထိ ထားထားပါ။

တတိယပိုင္း။ ။ လက္စသပ္ျခင္း

အရင္ဆံုးဖြင့္မယ့္ပံုးကို ေနာက္ဆံုးမွ ပိတ္ပါ။ ခပ္ေသးေသးပစၥည္းေတြပါတဲ့ ဘူးေတြကို ေနာက္ဆံုးမွ ပိတ္ပါ။ ေျပာင္းတဲ့ေန႔မွာ သံုးရမယ့္ ပန္းကန္တို႔၊ ဆပ္ျပာတို႔၊ တစ္႐ွဴးတို႔၊ စာေရးကရိယာတို႔ကို ဘူးတစ္ဘူးထဲ စုထည့္ပါ။ သၾကားလံုးတို႔ ေရသန္႔ဘူးတို႔ ဝယ္ထားပါ။ အိမ္ေျပာင္းတာဟာ အင္နာဂ်ီအမ်ားႀကီး ကုန္ပါတယ္။ မိသားစုဝင္ေတြ အားလံုးဖို႔၊ ခဏေလးနဲ႔ အင္နာဂ်ီျပန္ရမယ့္ သၾကားလုံးတို႔၊ ေရဓါတ္ျပန္ျဖည့္ဖို႔ ေရသန္႔တို႔ဟာ မရွိမျဖစ္ေတြပါ။ ဘူးေတြကို အိမ္ေျပာင္းမယ့္ေန႔အတြက္ အသင့္ျဖစ္ေနေအာင္၊ စီစီရီရီနဲ႔ စုၿပီးထပ္ထားပါ။ အိမ္အသစ္ေရာက္ရင္ ခ်က္ခ်င္းႀကီး မီးခလုပ္ေတြက လိုသလို ရွိမွာမဟုတ္တဲ့အတြက္ extension ေတြကို အသင့္ျပင္ထားပါ။ လက္ႏွိပ္ဓါတ္မီးလိုမ်ိဳးေတြကို အားသြင္းထားပါ။ ဖုန္းအားသြင္းထားပါ။ ပစၥည္းေတြျဖဳတ္တယ္ဆိုရင္ ကိုယ္ျဖဳတ္တဲ့ပစၥည္းေတြရဲ႕အနားမွာ ျဖဳတ္ထားတဲ့ ဝက္အူေတြကိုပါ တစ္ပါတည္းတြဲသိမ္းပါ။ လွ်ပ္စစ္ပစၥည္းေတြကို တစ္စုတစ္စည္းတည္းထားပါ။ ကိုယ္ပံုးေတြကို ေရတြက္ၾကည့္ၿပီး ဘယ္လိုအရြယ္အစားနဲ႔ ကားမ်ိဳးကို ငွားမယ္ဆိုတာကို ေသခ်ာတြက္ခ်က္ပါ။ ဘယ္ပစၥည္းက ေလးတယ္၊ ဘယ္ဟာကေပါ့တယ္၊ ဘယ္ဟာ ကြဲတတ္တယ္ဆုိတာေတြကို ျပန္စစ္ေဆးပါ။ စာရြက္စာတမ္းေတြကို ကိုယ္တိုင္သယ္ဖို႔ ျပင္ဆင္ပါ။ ေနာက္ဆံုးအိမ္ထဲကထြက္ေတာ့မယ္ဆိုရင္ အမွိဳက္ထုတ္ေတြအပါအဝင္၊ ပစၥည္းေတြအားလံုး အိမ္အျပင္ကို ေရာက္ေနတာေသခ်ာေအာင္လုပ္ပါ။ ေနာက္ဆံုးတံခါးမပိတ္ခင္၊ မီးေတြစစ္ပါ၊ ဂက္စ္အိုးတို႔ဘာတို႔ ထားခဲ့ရမယ္ဆိုရင္ မီးေဘးအႏၱရာယ္ မျဖစ္ေအာင္ ေသခ်ာပိတ္ပါ။ ေရေတြကိုပိတ္ထားလားဆိုတာ စစ္ေဆးပါ။ ေနာက္ဆံုးၾကမွ တံခါးပိတ္ပါ။ ပစၥည္းေတြ တင္တုန္းမွာလည္း ကိုယ့္ပစၥည္းေတြ၊ ဘူးေတြ၊ ပံုးေတြ၊ အိတ္ေတြ၊ ပရိေဘာဂေတြအားလံုးေတြ ပစၥည္းတင္တဲ့ကားေပၚေရာက္တယ္ဆိုတာ ေသခ်ာေအာင္ လုပ္ပါ။ ကားေပၚမွာလည္း အကြဲအရွ၊ အက်ိဳးအပဲ့ မရွိေအာင္ ဂ႐ုစိုက္ပါ။ အဓိကကေတာ့ စာရြက္စာတမ္းေတြ၊ ပိုက္ဆံေတြ၊ ေသာ့ေတြ၊ မေပ်ာက္ပ်က္သြားရေအာင္ ဂ႐ုတစိုက္ စစ္ေဆးဖို႔ပါပဲ။

ဝါကၽြတ္ကာလေရာက္လာခ်ိန္မွာ အိမ္ငွားခ်င္သူေတြ၊ ေရာင္းခ်င္သူေတြ၊ ဝယ္ခ်င္သူေတြအတြက္ Ads.com.mm မွာ အိမ္ျခံေျမနဲ႔ ပတ္သက္တဲ့ ေၾကာ္ျငာေတြကို အခမဲ့ေၾကာ္ျငာထားတာေတြ ရွိလို႔ ဝယ္ခ်င္တယ္၊ ငွားခ်င္တယ္ဆိုရင္ ဝင္ေရာက္ေလ့လာႏိုင္သလို၊ ကိုယ့္အိမ္ကို ေၾကာ္ျငာခ်င္တယ္ဆိုရင္လည္း အခမဲ့ဝင္ေရာက္ေၾကာ္ျငာႏိုင္ပါတယ္။ Ads.com.mm ကို ဝင္ေရာက္ဖို႔အတြက္ ဒီေနရာကို ႏွိပ္ေပးပါ။

==========================

[Unicode]
ပထမပိုင်း။ ။ ပြင်ဆင်စုဆောင်းခြင်း

ပစ္စည်းတွေ ထုတ်ပိုးဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို အရင်စုဆောင်းပါ။ အိမ်အပြာင်းအရွှေ့တွေမှာ သုံးတတ်တဲ့ ကတ်ထူစက္ကူပုံးတွေကို အရွယ်အမျိိုးမျိုးနဲ့ရအောင် စုဆောင်းထားပါ။ ကိုယ်သုံးမယ့်၊ ပုံးတွေ၊ ဘူးတွေဟာ ပစ္စည်းတွေရဲ့ အလေးချိန်ကိ ခံနိုင်ပြီး၊ ပြုတ်ကျရင်၊ ကားထဲမှာ လှုပ်သွားရင် မပျက်ဆီးမယ့်ဟာမျိုး ဖြစ်ဖို့ လိုပါတယ်။ ပုံးတွေအပြင် ပစ္စည်းသယ်ယူရာမှာ တစ်ခုနဲ့တစ်ခု ထိခိုက်ပြီး မကွဲရအောင် ကြားကခံပေးမယ့် အခံလေးတွေ၊ အဝတ်နဲ့ ထုတ်သွားရမယ့် ပစ္စည်းတွေအတွက် ပုဆိုးတို့၊ စောင်တို့လို အထည်တွေ၊ ပန်းကန်တွေ၊ ဖန်ခွက်တွေကို ပတ်ပြီးသိမ်းနိုင်မယ့် စက္ကူစတွေ၊ သတင်းစာစက္ကူတွေကို လိုအပ်ပါတယ်။ နောက် ပစ္စည်းသယ်တဲ့နေရာမှာ လုံလုံလောက်လောက် ခိုင်ခံနိုင်စေမယ့် တိတ်ခွေတွေ၊ ကက်ကြေးတွေ၊ လေဘယ်တွေ လိုက်ကပ်နိုင်တဲ့ စတစ်ကာလေးတွေ စသဖြင့် အမျိုးမျိုး လိုအပ်မှာပဲ ဖြစ်ပါတယ်။

ဒါတွေစုံသွားပြီဆိုရင် ထိပ်ဆုံးစလုပ်ရမှာက ကိုယ်ပြောင်းရွှေ့မယ့် ပစ္စည်းတွေအတွက် စာရင်းတစ်ခုလုပ်ရမှာပါ။ အိမ်ပြောင်းမယ့်ကားကို ဘယ်အချိန်ခေါ်ထားတယ်၊ အိမ်ပြောင်းပေးမယ့် ကုမ္ပဏီရဲ့ ဖုန်းနံပါတ် ဆက်သွယ်ရမယ့်သူ၊ နောက်တစ်ဘက်က ကိုယ်အသစ်ပြောင်းမယ့်အိမ်ရဲ့ လက်ရှိအိမ်ရှင် နံပါတ်တွေကို စုထားရပါမယ်။ ပြောင်းမယ့်နေ့ရောက်ပြီဆိုတာနဲ့ အဲဒီစာရင်းနဲ့အတူ၊ အိမ်ပြောင်းပေးတဲ့သူတွေကို ပေးမယ့်မုန့်ဖိုးတို့၊ ဧည့်စာရင်းတွေဘာတွေ လုပ်ဖို့ ရပ်ကွက်ရုံးရဲ့ လိပ်စာတို့ကိုပါ တစ်ပါတည်းကိုယ်နဲ့အတူ ရှိနေပါစေ။ အရေးပါတဲ့ စာရွက်စာတမ်းတွေကို အဓိကထားသိမ်းဆည်းဖို့လိုပြီး၊ ကိုယ်နဲ့အနီးစပ်ဆုံး လက်လှမ်းမီတဲ့နေရာမှာ ထားဖို့ လိုအပ်ပါတယ်။ ဒါမှတခြားအိတ်တွေ၊ ပုံးတွေနဲ့ ဒီအရေးပါတဲ့ ပစ္စည်းတွေထည့်ထားတဲ့ နေရာက ရောထွေးမသွားမှာပါ။

ကောင်းတာကတော့ ဖြစ်နိုင်ရင် မိသားစုဝင်တွေရဲ့ ပစ္စည်းတွေကို တစ်ရက်ကို တစ်ယောက်စာကြိုပြီး ထုပ်ပိုးတာ ကောင်းပါတယ်။ အဲဒါဆိုရင် သားအတွက်ပစ္စည်းတွေကို သမိးရဲ့ ပုံးထဲရောက်နေတာမျိုး ဖြစ်တော့မှာ မဟုတ်ပါဘူး။ တစ်ယောက်ချင်းစီရဲ့ အဝတ်အစား၊ အိပ်ယာ၊ ကျန်းမာရေးသုံး သွားပွတ်တံ စသဖြင့် ပစ္စည်းတွေကို သီးသန့်စီခွဲပြီး ထည့်သွားသင့်ပါတယ်။ အိမ်အကူးအပြောင်းနေ့တွေအတွက် လိုအပ်တဲ့ အထည် ၂ ထည်လောက်ပဲ တစ်ယောက်စီအတွက် ထားထားတာ ကောင်းပါတယ်။ အဲဒီပစ္စည်းပုံးတွေကို ဖြစ်နိုင်ရင် အိမ်မှာရှိတဲ့တခြားပစ္စည်းတွေနဲ့ရောပြီး ထားမယ့်အစား တစ်နေနေရာမှာ ခွဲထားနိုင်ရင် ပိုကောင်းပါတယ်။ ဥပမာ၊ အိမ်နဲ့နီးနီးနားနားက ကိုယ့်သူငယ်ချင်းအိမ်လိုမျိုးမှာပါ။

အဝတ်အစားဟောင်းတွေကိုတော့ ပစ္စည်းတွေတစ်ခုနဲ့တစ်ခုအကြား ခံဖို့သုံးနိုင်ပါတယ်။ ကွဲတတ်ရှတတ်တာတွေကို Bubble wrap လို့ခေါ်တဲ့ ပစ္စည်းအသစ်တွေဝယ်ရင် ထည့်ပေးလိုက်တဲ့ ပလတ်စတစ်အစမှာ ပူဖောင်းလေးတွေပါတဲ့ အစမျိုးနဲ့ ပတ်ထားနိုင်ပါတယ်။ ဝိုင်ခွက်တို့၊ သောက်ရေခွက်တို့ကို အကောင်းဆုံးထိန်းသိမ်းတဲ့ပုံစံက အထဲမှာ သတင်းစာစက္ကူကို ခပ်ထူထူခံပေးပြီး၊ အပြင်ကနေ ခြေအိတ်သန့်သန့်နဲ့ စွပ်ထားလိုက်တာပါပဲ။ အဲဒါဆို အချင်းချင်း ရိုက်မိလည်း မကွဲတော့ပါဘူး။

တကယ်လို့ တီဗီကြိုးတွေတပ်တာလို့ အရမ်းရှုပ်ထွေးတာမျိုးတွေဆိုရင် တစ်ခါတည်း ဖုန်းနဲ့ဓါတ်ပုံရိုက်ထားပါ။ နောက်အိမ်ရောက်လို့ ပြန်ဆင်ချင်တယ်ဆိုရင် ပုံထဲကအတိုင်း ပြန်ဆင်လိုက်ရုံပါပဲ။ ကြိုးတွေမှာ လေဘယ်လေးတွေ တပ်ပေးထားတာကလည်း အလုပ်ဖြစ်ပါတယ်။

ဒုတိယပိုင်း။ ။ ထိရောက်စွာထုတ်ပိုးခြင်း

အိမ်မှာနေရာလွတ်တစ်ခုရှာပါ။ ခပ်ကျယ်ကျယ်နဲ့ ပစ္စည်းတွေ ပုံထားလို့ရမယ့်နေရာမျိုးပါ။ ပစ္စည်းတွေထုတ်ပိုးဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို အဲဒီမှာထားပါ။ ကတ်ကြေးတို့၊ တိတ်တို့၊ ဆော့ပင်တို့တတွေကို စုထားပါ။

ဘူးတွေတစ်ဘူးချင်းစီကို ပိတ်နေရင်းနဲ့ တစ်ဘူးပိတ်ပြီးသွားတိုင်း တစ်ဘူးကို နံပါတ်တပ်ပါ။ ပြီးရင်ဒါဘယ်သူ့ပစ္စည်းတွေ၊ အထဲမှာဘာတွေပါတယ်ဆိုတာကို Label တွေ တပ်ပေးပါ။ အဲဒါဆိုရင် ကိုယ့်မှာဘူးဘယ်နှစ်ဘူးရှိတယ်ဆိုတာကို သိနေပြီး၊ ပျောက်နေတယ်ဆိုရင် ပျောက်နေမှန်းချက်ချင်းသိနိုင်နေသလို၊ ဘယ်သူ့ပစ္စည်း၊ ဘာပစ္စည်းတွေ ပျောက်သွားတယ်ဆိုတာကိုပါ ချက်ချင်းသိစေမှာပါ။
စပြီးထုတ်ပိုးပြီဆိုတာနဲ့ ကြားထဲမှာ နေရာလွတ်မကျန်အောင် အတတ်နိုင်ဆုံး ထုတ်ပိုးပါ။ ပစ္စည်းတွေ တစ်ခုနဲ့တစ်ခုအကြား နေရာလွတ်ဖြစ်နေရင်၊ အင်္ကျီအဝတ်အစားတွေ၊ စောင်လိုဟာမျိုးတွေ၊ ခုပေးခံပေးပါ။ ပစ္စည်းတွေထည့်ရာမှာ ဘူးကြီးတွေထဲမှာ အထိအခိုက်အနည်းဆုံးနဲ့ ဝင်သွားမယ့် ပုံစံဖြစ်အောင် ဂရုတစိုက်နဲ့ ထည့်ပေးရပါလိမ့်မယ်။ အလေးဆုံးပစ္စည်းတွေက အောက်ဆုံးမှာ ရှိသင့်ပြီး ပေါ့တဲ့ပစ္စည်းတွေကို လေးတဲ့ပစ္စည်းတွေရဲ့ အပေါ်မှာ ထားပါ။ ဘူးတွေထဲကို ဆန့်နိုင်သမျှဆန့်အောင် ထည့်ပေးပါ။

လေးတဲ့ပစ္စည်းတွေကို ဘူးခပ်သေးသေးတွေနဲ့ ခွဲခွဲပြီးထည့်ပါ။ ပေါ့ပြီးပွတဲ့ပစ္စည်းတွေကို ဘူးအကြီးတွေနဲ့ ထည့်ပါ။ မဟုတ်ရင် ဘူးအကြီးကြီးထဲမှာ အလေးတွေချည်းစုပြုံထည့်လိုက်ရင် ဘူးကမနိုင်ပဲ ကွဲထွက်ပြီး ပစ္စည်းတွေမရင် ထွက်ကျလာနိုင်ပါတယ်။ ကွဲတတ်ရှတတ်တာတွေကို ဂရုစိုက်ထည့်ပါ။ ဘူးရဲ့အပြင်မှာ ကွဲတတ်တယ်လို့ ထင်ထင်ရှားရှားရေးထားပါ။ တကယ်လို့လိုအပ်မယ်ဆိုရင် ဘူးရဲ့အပြင်ကနေ ပလတ်စတစ်နဲ့ တစ်ထပ်ထပ်ပြီး ပတ်ထားပါ။ အရည်တွေထည့်ထားတဲ့ ပုလင်းတွေပါရင်တော့ ပုလင်းကို ကျွတ်ကျွတ်အိတ်နဲ့ထုတ်ပြီး သားရေပင်နဲ့ အပေါ်ကနေ စီးပေးထားရင် အရည်တွေ ဖိတ်မှာမပူရပါဘူး။ တကယ်လို့ မိတ်ကပ်လို ကွဲတတ်တဲ့ ပစ္စည်းတွေဆိုရင်တော့ တစ်ခုနဲ့တစ်ခုအကြား ဂွမ်းလေးတွေ ခံပေးနိင်ပါတယ်။

ဘူးထဲမှာနေရာလွတ်တွေဖြစ်လာရင် စက္ကူတို့၊ သတင်းစာတို့က ကြားကညှပ်ပေးပါ။ ထမင်းစားခန်းအတွက် ပစ္စည်းတွေဆိုရင် ထမင်းစားခန်းက ပစ္စည်းတွေဆိုတဲ့ ဘူးထဲမှာပဲထည့်ပါ။ ပစ္စည်းတွေ စထည့်ကတည်းက တစ်ခန်းချင်းစီကို ကန့်ပြီး၊ တစ်ခန်းပြီးတစ်ခန်းထည့်ပါ။ ထည့်ပြီဆိုရင်လည်း သေးတာတွေက အရင်စထည့်ပါ။ ဘူးတွေရဲ့စာရင်းစာရွက်မှာရော၊ ဘူးပေါ်မှာပါ ဒီဘူးထဲဘာတွေရှိတယ်ဆိုတာကို တစ်ခါတည်း စာရင်းလုပ်ပါ။ ဒီလိုလုပ်တာဟာ ပစ္စည်းရွှေ့တဲ့သူတွေအတွက်လည်း လွယ်ကူစေပါတယ်။ ဥပမာ၊ ထမင်းစားခန်းလို့ တံဆိပ်ကပ်ထားတဲ့ ဘူးဆိုရင် တစ်ခါတည်း ထမင်းစားခန်းထဲမှာ ထည့်ထားပေးခဲ့လိုက်ရုံပါပဲ။

ဘုရားစင်တို့၊ တီဗီတင်တဲ့စင်တို့၊ ဖိနပ်စင်တို့လို တစ်စစီဖြုတ်သယ်လို့ ရတာတွေကို အရင်ဖြုတ်ထားပြီး အဲဒီအတွက်သုံးတဲ့ ဝက်အူလှည့်တို့၊ ပလာယာတို့ကို အိတ်တစ်အိတ်ထဲ အကုန်စုပြီးထည့်ထားပါ။ အိမ်ပြောင်းပြီးသွားရင် ဒါတွေကို တစ်စုတစ်စည်းတည်းထားတဲ့အတွက် ပြန်သုံးချင်လို့ရှာရင် လွယ်ပါလိမ့်မယ်။ တီဗီအတွက် လိုအပ်တဲ့ကြိုးတို့၊ ရီမုတ်တို့ကို အတူတူ တီဗီတို့၊ DVD player တို့နဲ့အတူ တစ်စုတစ်စည်းတည်းထားပါ။

အခန်းတွေကို တစ်ခန်းချင်းရှင်းပါ။ မီးဖိုချောင်ကစရှင်းပါ။ အမှိုက်တွေပစ်ပါ။ အစားအစာထည့်တဲ့ ဗီဒိုတွေ၊ အံဆွဲတွေကို တစ်ခုချင်းရှင်းထုတ်ပါ။ မီးကြိုးတွေ၊ မီးလုံးတွေ၊ မီးချောင်းတွေကို တစ်စုတစ်စည်းတည်းထားပါ။ ရေပိုက်တွေကို ခွေထားပါ။ ပရိဘောဂတွေ၊ အိပ်ယာတွေကို သပ်သပ်စီ ခွဲထုတ်ထားပါ။ ရေခဲသေတ္တာကို မီးပိတ်ပြီး ရေခဲတွေကွာသွား၊ ခြောက်သွားသည်အထိ ထားထားပါ။

တတိယပိုင်း။ ။ လက်စသပ်ခြင်း

အရင်ဆုံးဖွင့်မယ့်ပုံးကို နောက်ဆုံးမှ ပိတ်ပါ။ ခပ်သေးသေးပစ္စည်းတွေပါတဲ့ ဘူးတွေကို နောက်ဆုံးမှ ပိတ်ပါ။ ပြောင်းတဲ့နေ့မှာ သုံးရမယ့် ပန်းကန်တို့၊ ဆပ်ပြာတို့၊ တစ်ရှူးတို့၊ စာရေးကရိယာတို့ကို ဘူးတစ်ဘူးထဲ စုထည့်ပါ။ သကြားလုံးတို့ ရေသန့်ဘူးတို့ ဝယ်ထားပါ။ အိမ်ပြောင်းတာဟာ အင်နာဂျီအများကြီး ကုန်ပါတယ်။ မိသားစုဝင်တွေ အားလုံးဖို့၊ ခဏလေးနဲ့ အင်နာဂျီပြန်ရမယ့် သကြားလုံးတို့၊ ရေဓါတ်ပြန်ဖြည့်ဖို့ ရေသန့်တို့ဟာ မရှိမဖြစ်တွေပါ။ ဘူးတွေကို အိမ်ပြောင်းမယ့်နေ့အတွက် အသင့်ဖြစ်နေအောင်၊ စီစီရီရီနဲ့ စုပြီးထပ်ထားပါ။ အိမ်အသစ်ရောက်ရင် ချက်ချင်းကြီး မီးခလုပ်တွေက လိုသလို ရှိမှာမဟုတ်တဲ့အတွက် extension တွေကို အသင့်ပြင်ထားပါ။ လက်နှိပ်ဓါတ်မီးလိုမျိုးတွေကို အားသွင်းထားပါ။ ဖုန်းအားသွင်းထားပါ။ ပစ္စည်းတွေဖြုတ်တယ်ဆိုရင် ကိုယ်ဖြုတ်တဲ့ပစ္စည်းတွေရဲ့အနားမှာ ဖြုတ်ထားတဲ့ ဝက်အူတွေကိုပါ တစ်ပါတည်းတွဲသိမ်းပါ။ လျှပ်စစ်ပစ္စည်းတွေကို တစ်စုတစ်စည်းတည်းထားပါ။ ကိုယ်ပုံးတွေကို ရေတွက်ကြည့်ပြီး ဘယ်လိုအရွယ်အစားနဲ့ ကားမျိုးကို ငှားမယ်ဆိုတာကို သေချာတွက်ချက်ပါ။ ဘယ်ပစ္စည်းက လေးတယ်၊ ဘယ်ဟာကပေါ့တယ်၊ ဘယ်ဟာ ကွဲတတ်တယ်ဆိုတာတွေကို ပြန်စစ်ဆေးပါ။ စာရွက်စာတမ်းတွေကို ကိုယ်တိုင်သယ်ဖို့ ပြင်ဆင်ပါ။ နောက်ဆုံးအိမ်ထဲကထွက်တော့မယ်ဆိုရင် အမှိုက်ထုတ်တွေအပါအဝင်၊ ပစ္စည်းတွေအားလုံး အိမ်အပြင်ကို ရောက်နေတာသေချာအောင်လုပ်ပါ။ နောက်ဆုံးတံခါးမပိတ်ခင်၊ မီးတွေစစ်ပါ၊ ဂက်စ်အိုးတို့ဘာတို့ ထားခဲ့ရမယ်ဆိုရင် မီးဘေးအန္တရာယ် မဖြစ်အောင် သေချာပိတ်ပါ။ ရေတွေကိုပိတ်ထားလားဆိုတာ စစ်ဆေးပါ။ နောက်ဆုံးကြမှ တံခါးပိတ်ပါ။ ပစ္စည်းတွေ တင်တုန်းမှာလည်း ကိုယ့်ပစ္စည်းတွေ၊ ဘူးတွေ၊ ပုံးတွေ၊ အိတ်တွေ၊ ပရိဘောဂတွေအားလုံးတွေ ပစ္စည်းတင်တဲ့ကားပေါ်ရောက်တယ်ဆိုတာ သေချာအောင် လုပ်ပါ။ ကားပေါ်မှာလည်း အကွဲအရှ၊ အကျိုးအပဲ့ မရှိအောင် ဂရုစိုက်ပါ။ အဓိကကတော့ စာရွက်စာတမ်းတွေ၊ ပိုက်ဆံတွေ၊ သော့တွေ၊ မပျောက်ပျက်သွားရအောင် ဂရုတစိုက် စစ်ဆေးဖို့ပါပဲ။

ဝါကျွတ်ကာလရောက်လာချိန်မှာ အိမ်ငှားချင်သူတွေ၊ ရောင်းချင်သူတွေ၊ ဝယ်ချင်သူတွေအတွက် Ads.com.mm မှာ အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ ကြော်ငြာတွေကို အခမဲ့ကြော်ငြာထားတာတွေ ရှိလို့ ဝယ်ချင်တယ်၊ ငှားချင်တယ်ဆိုရင် ဝင်ရောက်လေ့လာနိုင်သလို၊ ကိုယ့်အိမ်ကို ကြော်ငြာချင်တယ်ဆိုရင်လည်း အခမဲ့ဝင်ရောက်ကြော်ငြာနိုင်ပါတယ်။ Ads.com.mm ကို ဝင်ရောက်ဖို့အတွက် ဒီနေရာကို နှိပ်ပေးပါ။

Advertisements

Author: Si Gee

Si Gee is a professional technology writer. In past, he worked as an editor at several tech related printed media. And he also worked at a few web startups companies and build many websites. Now he is working full-time at an media agency as a digital marketing strategist and still writing tech related articles, reviews and tutorials on various media as a part-time contributor.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s