အနာဂတ္စီးပြားေရး အစီအမံေတြကို စဥ္းစားဖို႔ နည္းလမ္း ၁၀ ခု

2

[Zawgyi]

အနာဂတ္စီးပြားေရး အစီအမံေတြကို စဥ္းစားဖို႔ နည္းလမ္း ၁၀ ခု

ကၽြန္ေတာ္တို႔ အားလံုးက အလုပ္မ်ားတဲ့သူေတြပါ၊ ကိုယ့္ရဲ႕လုပ္ငန္းသစ္အတြက္ အနာဂတ္အစီအမံေတြကို ျပင္ဆင္ဖို႔ သီးသန္႔အခ်ိန္ေပးဖို႔ ခက္ပါတယ္။ ဒါေပမယ့္ တစ္ခုရွိတာက ကၽြန္ေတာ္တို႔ အေတြးေတြကို ဘယ္ေနရာမွာမဆို ဘယ္အခ်ိန္မဆို ေတြးႏိုင္တာပါ။ အခုဒီမွာေတာ့ အနာဂတ္အတြက္ အစီအမံေတြျဖစ္လာမယ့္ အေတြးေတြကို ဘယ္လိုမ်ိဳး စဥ္းစားေတြးေတာႏိုင္မလဲဆိုတာကို ေရးေပးလုိက္ပါတယ္။

၁. စိတ္ကူးယဥ္ပါ။

တစ္ခုခုကိုခ်ည္းပဲ အျပင္းအထန္လုပ္မေနပါနဲ႔၊ အခုဖတ္ေနတာကို ခဏရပ္လိုက္ၿပီး၊ မ်က္စိကိုမွိတ္ထားရင္း အသက္ကိုမွန္မွန္႐ွဴရင္း ကိုယ့္အနာဂတ္လုပ္ငန္းက ဘယ္လိုပံုစံျဖစ္လာမယ္ဆိုတာကို ေမွ်ာ္မွန္းၾကည့္ပါ။

၂. မိသားစုေတြနဲ႔ေဆြးေႏြးပါ။

မိဘေတြ၊ ခ်စ္သူ/အိမ္ေထာက္ဖက္ေတြ၊ အနိမ့္ဆံုးအဆင့္ ကိုယ့္သားသမီးေတြကေတာင္မွ တစ္ခါတစ္ေလ ကၽြန္ေတာ္တို႔ ကိုယ္တိုင္ေတြးတာထက္ ပိုေကာင္းတဲ့အေတြးေတြ ရွိေနတတ္ပါတယ္။ အထူးသျဖင့္ သင့္မိဘေတြဟာ ကိုယ္ပိုင္စီးပြားေရးတစ္ခုကို ပိုင္ဆိုင္ထားတယ္ဆိုရင္ သင္ကိုယ္တိုင္မွာလည္း ကိုယ္ပိုင္စီးပြားေရးကို ေအာင္ျမင္ေအာင္ လုပ္ႏိုင္ေခ် ပိုမ်ားပါတယ္။

၃။ ဒိုင္ယာရီထဲမွာ ျပန္စစ္ေဆးပါ။

စီးပြားေရးလုပ္ငန္းတစ္ခု စလုပ္ၿပီဆိုရင္ အားလပ္ခ်ိန္ေတြနည္းသြားၿပီး ေဂါက္ထြက္႐ိုက္ဖို႔တို႔၊ ဘားသြားဖို႔တို႔ကို အခ်ိန္ေပးႏိုင္ဖို႔ နည္းသြားပါမယ္။ ဒါမ်ိဳးကို မစြန္႔လႊတ္ႏိုင္ဘူးဆိုရင္ အစီအစဥ္တစ္ခုလံုးကို ျပန္စဥ္းစားသင့္ပါတယ္။

၄။ ခဏအနားယူပါ။

တစ္ခါတစ္ေလ ေနမေကာင္းျဖစ္ၿပီး ဖ်ားေနလို႔ အလုပ္မသြားႏိုင္ပဲ၊ အိမ္ကအိပ္ယာထဲ လွဲေနတဲ့အခ်ိန္မ်ိဳးေတြမွာ အၾကံဥာဏ္ေကာင္းေလးေတြ ရတတ္ပါတယ္။ ျဖစ္လာမယ့္ကိစၥေတြကို အစကအဆံုး အေသးစိတ္ျပန္ေလ့လာၾကည့္ဖို႔ အခ်ိန္ေတြ ရတတ္ပါတယ္။

၅။ ဖုန္းနဲ႔ေဝးေဝးေနပါ။

ခရီးတစ္ခုေလာက္ထြက္ၿပီး ဖုန္းကို ပိတ္ထားၾကည့္ပါ။ ပတ္ဝန္းက်င္အလွအပေတြကို ခံစားရင္း ကိုယ့္အာ႐ံုထဲေပၚလာတဲ့ စီးပြားေရးအိုင္ဒီယာေလးေတြကို စဥ္းစားၾကည့္ပါ။

၆။ ကိုယ့္အိမ္ေထာင္ဘက္၊ ခ်စ္သူနဲ႔ အျပင္သြားပါ။

ကိုယ့္အိမ္ေထာင္ဘက္၊ ခ်စ္သူနဲ႔ အတူတူ ေစ်းသြားဝယ္တာမ်ိဳး လုပ္ၾကည့္ပါ။ သူကေစ်းေလွ်ာက္ပတ္ၾကည့္ေနတုန္း ကိုယ္က ေကာ္ဖီဆိုင္မွာ ထိုင္ေစာင့္ေနရင္း စီးပြားေရးအိုင္ဒီယာေလးေတြ၊ အနာဂတ္အစီအစဥ္ေတြကို စဥ္းစားၾကည့္ႏိုင္ပါတယ္။

၇။ ေခြးနဲ႔လမ္းေလွ်ာက္ပါ။

တနဂၤေႏြနားရက္မွာ မနက္ေစာေစာထၿပီး၊ သင့္ေခြးနဲ႔အတူလမ္းေလွ်ာက္ရင္း ေလေကာင္းေလသန္႔ကို ႐ွဴ႐ွိဳက္ရင္းကေန အိုင္ဒီယာအသစ္ေလးေတြကို စမ္းၾကည့္ႏိုင္သလို၊ ကိုယ့္ရဲ႕အၾကမ္းခံႏိုင္မွဳေတြကိုလည္း စမ္းၾကည့္ႏိုင္ပါတယ္။ ေလေကာင္းေလသန္႔ေတြဟာ ဖန္းတီးမွဳရွိတဲ့ စိတ္ကူးေတြအတြက္ အသံုးဝင္ပါတယ္။

၈။ ကိုယ့္အထက္အရာရွိနဲ႔ တိုင္ပင္ၾကည့္ပါ။

အခုေခတ္မွာ အလုပ္ခြင္ေတြဟာ ပိုလြတ္လပ္လာပါတယ္။ ကိုယ့္ကိုယ္ပိုင္အလုပ္ကို စလုပ္ဖို႔ အလုပ္ခြင္ကို စြန္႔ခြာလာတာကို ေကာင္းတဲ့အခ်က္လို႔ အမ်ားက ယူဆလာပါတယ္။ အဲဒီေတာ့ ကိုယ့္ကိုယ္ပိုင္လုပ္ငန္းအေၾကာင္း ကိုယ့္အထက္အရာရွိနဲ႔ ေဆြးေႏြးျခင္းက တကယ္လုပ္ငန္းစတဲ့အခါမွာ လက္ရွိအထက္အရာရွိဟာ ကိုယ့္ရဲ႕ ပထမဦးဆံုး client ေတာင္မွ ျဖစ္လာႏိုင္ပါတယ္။

၉။ အိမ္ကိုအလွဆင္ပါ။

အိမ္ကိုအလွဆင္တာဟာ အိမ္မွာေနတဲ့အခ်ိန္ကို ပိုရွည္ၾကာေစၿပီး အျခားေသာ အာ႐ံုေတြရဲ႕ေႏွာက္ယွက္မွဳကေန ေဝးေဝးေနေနႏိုင္ေစပါမယ္။ ေနာက္တစ္ခုက ဒါကဘဝသစ္တစ္ခုကို စတင္ဖို႔အတြက္လည္း အေကာင္းဆံုးနည္းလမ္းပါပဲ။

၁၀။ ဇိမ္ခံၿပီးေရခ်ိဳးပါ။

မနက္ေစာေစာ အလုပ္သြားခါနီး ေရခ်ိဳးသလို ဝ႐ုန္းသုန္းကားမဟုတ္ပဲ၊ အခ်ိန္ယူၿပီး ေရခ်ိဳးရင္း သီခ်င္းေလးညီးရင္းနဲ႔ အေတြးေတြ၊ စိတ္ကူးေတြကို ဆန္းသစ္ႏိုင္ပါတယ္။

စီးပြားေရးလုပ္ငန္းေတြရဲ႕ အစဟာ သင့္ရဲ႕ေန႔စဥ္ေနထိုင္လွဳပ္ရွားမွဳေတြတိုင္းကေန စတင္လာႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ကြဲလြဲမွဳေတြ အျပည့္နဲ႔သူေတြ ျဖစ္သလို၊ မၾကာခဏဆိုသလို ကၽြန္ေတာ္တို႔လို လူမ်ိဳးေတြနဲ႔ အခ်င္းခ်င္း ျပန္လည္ေတြ႕ဆံုၿပီး ေဆြးေႏြးတိုင္ပင္ဖို႔ လိုအပ္တဲ့ စီးပြားေရးလုပ္ငန္းေတြေပၚမွာ အာ႐ံုစိုက္ရမွာေတြ ရွိပါတယ္။ ကိုယ့္အသက္အရြယ္၊ ေက်ာေထာက္ေနာက္ခံ၊ သန္စြမ္းသူျဖစ္တယ္၊ မသန္စြမ္းသူျဖစ္တယ္၊ ပညာအေရးအခ်င္း၊ လိင္ပိုင္းဆိုင္ရာတိမ္းညႊတ္မွဳစတဲ့ ဘယ္လိုကြာျခားခ်က္မ်ိဳးမဆို ရွိေနပါေစ၊ ကၽြန္ေတာ္တို႔အတြက္ စီးပြားေရးဆိုင္ရာ အခြင့္အလမ္းေကာင္းေတြက တစ္ေနေနရာမွာ ေစာင့္စားေနႏိုင္ပါတယ္။

နီးလ္ဟာဆိုရင္ ဥာဏ္ရည္နိမ့္တဲ့သူေတြကို စာသင္ေပးရတဲ့ ေက်ာင္းဆရာပါ။ တစ္ေန႔ေတာ့ သူနဲ႔သူ႔အတူေနမိတ္ေဆြ ဝဲလ္တို႔ဟာ တစ္ခ်ိန္တည္းတစ္ၿပိဳင္တည္းကိုပဲ တုတ္ေကြးမိၾကပါတယ္။ ေနလည္းျပန္ေကာင္းလာေရာ၊ ႏွစ္ေယာက္သား စကားေတြေျပာၾကရင္ သူတို႔ႏွစ္ေယာက္စလံုးဟာ လက္ရွိအလုပ္ေတြမွာ မေပ်ာ္ၾကေတာ့ဘူးဆိုတာကို သေဘာေပါက္လာၾကပါတယ္။ ဝဲလ္က အရင္တုန္းက ဟိုတယ္လုပ္ငန္းမွာ လုပ္ဖူးသူျဖစ္တာမို႔၊ ကြန္ဝဲလ္ေဒသမွာ တည္းခိုခန္းအငယ္ေလးတစ္လံုး ဖြင့္လွစ္ဖို႔ အိုင္ဒီယာရလာၾကပါတယ္။

ဒီလိုနဲ႔ လံုးလံုးျပန္က်န္းမာလာၾကခ်ိန္မွာ ၂ ေယာက္စလံုးက သူတို႔အိမ္ကိုေပါင္လိုက္ၾကၿပီး၊ ကြန္းနစ္ရွ္ကမ္းေျခေဒသမွာရွိတဲ့ အိမ္ျခံေျမပြဲစားေတြနဲ႔ စတင္ဆက္သြယ္ၾကပါတယ္။ ေနာက္ဆံုးမွာ အိပ္ခန္းငါးခန္းရွိၿပီး အိပ္ယာနဲ႔ မနက္စာကို ဝန္ေဆာင္မွဳေပးတဲ့ B&B ဝန္ေဆာင္မွဳေပးႏိုင္တဲ့ တည္းခိုခန္းေလးတစ္လံုး စဖြင့္ႏိုင္ခဲ့ပါတယ္။ ဒီအေၾကာင္းကို နီးလ္က ျပန္ေျပာရင္း “တကယ္လို႔ ကၽြန္ေတာ္တို႔ ၂ ေယာက္သာ တုတ္ေကြးမမိခဲ့ၾကရင္၊ အလုပ္မွာမေပ်ာ္ေတာ့တဲ့အေၾကာင္းနဲ႔ ဒီလိုတည္းခိုခန္းေလးဖြင့္ဖို႔ဆိုတာေတြကို ပီပီျပင္ျပင္ တစ္ေယာက္နဲ႔တစ္ေယာက္ ေျပာျဖစ္ၾကမွာ မဟုတ္ပါဘူး။ အရင္က စိတ္ကူးယဥ္ခဲ့ရတဲ့ စီးပြားေရးအိုင္ဒီယာတစ္ခုဟာ အခုေတာ့ လက္ေတြ႕ျဖစ္လာခဲ့ပါၿပီ။”လို႔ ေျပာခဲ့ပါတယ္။

[Unicode]

အနာဂတ်စီးပွားရေး အစီအမံတွေကို စဉ်းစားဖို့ နည်းလမ်း ၁၀ ခု

ကျွန်တော်တို့ အားလုံးက အလုပ်များတဲ့သူတွေပါ၊ ကိုယ့်ရဲ့လုပ်ငန်းသစ်အတွက် အနာဂတ်အစီအမံတွေကို ပြင်ဆင်ဖို့ သီးသန့်အချိန်ပေးဖို့ ခက်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ကျွန်တော်တို့ အတွေးတွေကို ဘယ်နေရာမှာမဆို ဘယ်အချိန်မဆို တွေးနိုင်တာပါ။ အခုဒီမှာတော့ အနာဂတ်အတွက် အစီအမံတွေဖြစ်လာမယ့် အတွေးတွေကို ဘယ်လိုမျိုး စဉ်းစားတွေးတောနိုင်မလဲဆိုတာကို ရေးပေးလိုက်ပါတယ်။

၁. စိတ်ကူးယဉ်ပါ။

တစ်ခုခုကိုချည်းပဲ အပြင်းအထန်လုပ်မနေပါနဲ့၊ အခုဖတ်နေတာကို ခဏရပ်လိုက်ပြီး၊ မျက်စိကိုမှိတ်ထားရင်း အသက်ကိုမှန်မှန်ရှူရင်း ကိုယ့်အနာဂတ်လုပ်ငန်းက ဘယ်လိုပုံစံဖြစ်လာမယ်ဆိုတာကို မျှော်မှန်းကြည့်ပါ။

၂. မိသားစုတွေနဲ့ဆွေးနွေးပါ။

မိဘတွေ၊ ချစ်သူ/အိမ်ထောက်ဖက်တွေ၊ အနိမ့်ဆုံးအဆင့် ကိုယ့်သားသမီးတွေကတောင်မှ တစ်ခါတစ်လေ ကျွန်တော်တို့ ကိုယ်တိုင်တွေးတာထက် ပိုကောင်းတဲ့အတွေးတွေ ရှိနေတတ်ပါတယ်။ အထူးသဖြင့် သင့်မိဘတွေဟာ ကိုယ်ပိုင်စီးပွားရေးတစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုရင် သင်ကိုယ်တိုင်မှာလည်း ကိုယ်ပိုင်စီးပွားရေးကို အောင်မြင်အောင် လုပ်နိုင်ချေ ပိုများပါတယ်။

၃။ ဒိုင်ယာရီထဲမှာ ပြန်စစ်ဆေးပါ။

စီးပွားရေးလုပ်ငန်းတစ်ခု စလုပ်ပြီဆိုရင် အားလပ်ချိန်တွေနည်းသွားပြီး ဂေါက်ထွက်ရိုက်ဖို့တို့၊ ဘားသွားဖို့တို့ကို အချိန်ပေးနိုင်ဖို့ နည်းသွားပါမယ်။ ဒါမျိုးကို မစွန့်လွှတ်နိုင်ဘူးဆိုရင် အစီအစဉ်တစ်ခုလုံးကို ပြန်စဉ်းစားသင့်ပါတယ်။

၄။ ခဏအနားယူပါ။

တစ်ခါတစ်လေ နေမကောင်းဖြစ်ပြီး ဖျားနေလို့ အလုပ်မသွားနိုင်ပဲ၊ အိမ်ကအိပ်ယာထဲ လှဲနေတဲ့အချိန်မျိုးတွေမှာ အကြံဉာဏ်ကောင်းလေးတွေ ရတတ်ပါတယ်။ ဖြစ်လာမယ့်ကိစ္စတွေကို အစကအဆုံး အသေးစိတ်ပြန်လေ့လာကြည့်ဖို့ အချိန်တွေ ရတတ်ပါတယ်။

၅။ ဖုန်းနဲ့ဝေးဝေးနေပါ။

ခရီးတစ်ခုလောက်ထွက်ပြီး ဖုန်းကို ပိတ်ထားကြည့်ပါ။ ပတ်ဝန်းကျင်အလှအပတွေကို ခံစားရင်း ကိုယ့်အာရုံထဲပေါ်လာတဲ့ စီးပွားရေးအိုင်ဒီယာလေးတွေကို စဉ်းစားကြည့်ပါ။

၆။ ကိုယ့်အိမ်ထောင်ဘက်၊ ချစ်သူနဲ့ အပြင်သွားပါ။

ကိုယ့်အိမ်ထောင်ဘက်၊ ချစ်သူနဲ့ အတူတူ စျေးသွားဝယ်တာမျိုး လုပ်ကြည့်ပါ။ သူကစျေးလျှောက်ပတ်ကြည့်နေတုန်း ကိုယ်က ကော်ဖီဆိုင်မှာ ထိုင်စောင့်နေရင်း စီးပွားရေးအိုင်ဒီယာလေးတွေ၊ အနာဂတ်အစီအစဉ်တွေကို စဉ်းစားကြည့်နိုင်ပါတယ်။

၇။ ခွေးနဲ့လမ်းလျှောက်ပါ။

တနင်္ဂနွေနားရက်မှာ မနက်စောစောထပြီး၊ သင့်ခွေးနဲ့အတူလမ်းလျှောက်ရင်း လေကောင်းလေသန့်ကို ရှူရှိုက်ရင်းကနေ အိုင်ဒီယာအသစ်လေးတွေကို စမ်းကြည့်နိုင်သလို၊ ကိုယ့်ရဲ့အကြမ်းခံနိုင်မှုတွေကိုလည်း စမ်းကြည့်နိုင်ပါတယ်။ လေကောင်းလေသန့်တွေဟာ ဖန်းတီးမှုရှိတဲ့ စိတ်ကူးတွေအတွက် အသုံးဝင်ပါတယ်။

၈။ ကိုယ့်အထက်အရာရှိနဲ့ တိုင်ပင်ကြည့်ပါ။

အခုခေတ်မှာ အလုပ်ခွင်တွေဟာ ပိုလွတ်လပ်လာပါတယ်။ ကိုယ့်ကိုယ်ပိုင်အလုပ်ကို စလုပ်ဖို့ အလုပ်ခွင်ကို စွန့်ခွာလာတာကို ကောင်းတဲ့အချက်လို့ အများက ယူဆလာပါတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ပိုင်လုပ်ငန်းအကြောင်း ကိုယ့်အထက်အရာရှိနဲ့ ဆွေးနွေးခြင်းက တကယ်လုပ်ငန်းစတဲ့အခါမှာ လက်ရှိအထက်အရာရှိဟာ ကိုယ့်ရဲ့ ပထမဦးဆုံး client တောင်မှ ဖြစ်လာနိုင်ပါတယ်။

၉။ အိမ်ကိုအလှဆင်ပါ။

အိမ်ကိုအလှဆင်တာဟာ အိမ်မှာနေတဲ့အချိန်ကို ပိုရှည်ကြာစေပြီး အခြားသော အာရုံတွေရဲ့နှောက်ယှက်မှုကနေ ဝေးဝေးနေနေနိုင်စေပါမယ်။ နောက်တစ်ခုက ဒါကဘဝသစ်တစ်ခုကို စတင်ဖို့အတွက်လည်း အကောင်းဆုံးနည်းလမ်းပါပဲ။

၁၀။ ဇိမ်ခံပြီးရေချိုးပါ။

မနက်စောစော အလုပ်သွားခါနီး ရေချိုးသလို ဝရုန်းသုန်းကားမဟုတ်ပဲ၊ အချိန်ယူပြီး ရေချိုးရင်း သီချင်းလေးညီးရင်းနဲ့ အတွေးတွေ၊ စိတ်ကူးတွေကို ဆန်းသစ်နိုင်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေရဲ့ အစဟာ သင့်ရဲ့နေ့စဉ်နေထိုင်လှုပ်ရှားမှုတွေတိုင်းကနေ စတင်လာနိုင်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ကွဲလွဲမှုတွေ အပြည့်နဲ့သူတွေ ဖြစ်သလို၊ မကြာခဏဆိုသလို ကျွန်တော်တို့လို လူမျိုးတွေနဲ့ အချင်းချင်း ပြန်လည်တွေ့ဆုံပြီး ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေပေါ်မှာ အာရုံစိုက်ရမှာတွေ ရှိပါတယ်။ ကိုယ့်အသက်အရွယ်၊ ကျောထောက်နောက်ခံ၊ သန်စွမ်းသူဖြစ်တယ်၊ မသန်စွမ်းသူဖြစ်တယ်၊ ပညာအရေးအချင်း၊ လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုစတဲ့ ဘယ်လိုကွာခြားချက်မျိုးမဆို ရှိနေပါစေ၊ ကျွန်တော်တို့အတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းကောင်းတွေက တစ်နေနေရာမှာ စောင့်စားနေနိုင်ပါတယ်။

နီးလ်ဟာဆိုရင် ဉာဏ်ရည်နိမ့်တဲ့သူတွေကို စာသင်ပေးရတဲ့ ကျောင်းဆရာပါ။ တစ်နေ့တော့ သူနဲ့သူ့အတူနေမိတ်ဆွေ ဝဲလ်တို့ဟာ တစ်ချိန်တည်းတစ်ပြိုင်တည်းကိုပဲ တုတ်ကွေးမိကြပါတယ်။ နေလည်းပြန်ကောင်းလာရော၊ နှစ်ယောက်သား စကားတွေပြောကြရင် သူတို့နှစ်ယောက်စလုံးဟာ လက်ရှိအလုပ်တွေမှာ မပျော်ကြတော့ဘူးဆိုတာကို သဘောပေါက်လာကြပါတယ်။ ဝဲလ်က အရင်တုန်းက ဟိုတယ်လုပ်ငန်းမှာ လုပ်ဖူးသူဖြစ်တာမို့၊ ကွန်ဝဲလ်ဒေသမှာ တည်းခိုခန်းအငယ်လေးတစ်လုံး ဖွင့်လှစ်ဖို့ အိုင်ဒီယာရလာကြပါတယ်။

ဒီလိုနဲ့ လုံးလုံးပြန်ကျန်းမာလာကြချိန်မှာ ၂ ယောက်စလုံးက သူတို့အိမ်ကိုပေါင်လိုက်ကြပြီး၊ ကွန်းနစ်ရှ်ကမ်းခြေဒေသမှာရှိတဲ့ အိမ်ခြံမြေပွဲစားတွေနဲ့ စတင်ဆက်သွယ်ကြပါတယ်။ နောက်ဆုံးမှာ အိပ်ခန်းငါးခန်းရှိပြီး အိပ်ယာနဲ့ မနက်စာကို ဝန်ဆောင်မှုပေးတဲ့ B&B ဝန်ဆောင်မှုပေးနိုင်တဲ့ တည်းခိုခန်းလေးတစ်လုံး စဖွင့်နိုင်ခဲ့ပါတယ်။ ဒီအကြောင်းကို နီးလ်က ပြန်ပြောရင်း “တကယ်လို့ ကျွန်တော်တို့ ၂ ယောက်သာ တုတ်ကွေးမမိခဲ့ကြရင်၊ အလုပ်မှာမပျော်တော့တဲ့အကြောင်းနဲ့ ဒီလိုတည်းခိုခန်းလေးဖွင့်ဖို့ဆိုတာတွေကို ပီပီပြင်ပြင် တစ်ယောက်နဲ့တစ်ယောက် ပြောဖြစ်ကြမှာ မဟုတ်ပါဘူး။ အရင်က စိတ်ကူးယဉ်ခဲ့ရတဲ့ စီးပွားရေးအိုင်ဒီယာတစ်ခုဟာ အခုတော့ လက်တွေ့ဖြစ်လာခဲ့ပါပြီ။”လို့ ပြောခဲ့ပါတယ်။

Advertisements

Author: Si Gee

Si Gee is a professional technology writer. In past, he worked as an editor at several tech related printed media. And he also worked at a few web startups companies and build many websites. Now he is working full-time at an media agency as a digital marketing strategist and still writing tech related articles, reviews and tutorials on various media as a part-time contributor.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s