သင့် Android Device ကို ပြန်မရောင်းခင် ဘာတွေသိထားရမလဲ

27084736948l

[Zawgyi]










၎. Accessories တွေကို ပြန်ထည့်ပေးပါ။








=====================================================

[Unicode]

Android device ​တစ်​လုံး​ကို ​ပြန်​ရောင်း​ဖို့​ဆို​တာ​ဟာ ​တ​ကယ့်​ကို ​လွယ်​ကူ​တဲ့​အ​လုပ်​လို့ ​ပြော​လို့​ရ​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​တ ​ကယ်​တမ်း ​သူ​များ​လက်​ထဲ ​မ​ထည့်​လိုက်​သေး​ခင် ​သ​တိ​ထား​ရ​မယ့် ​အ​ဆင့်​အ​နည်း​ငယ်​တော့ ​ရှိ​ပါ​တယ်။ ​အ​ရေး​ကြီး​တာ​က ​တော့ data ​တွေ​ကို back up ​လုပ်​ထား​ပြီး ​သူ​များ​လက်​ထဲ​မ​ထည့်​ခင် ​ဖုန်း​ထဲ​က data ​တွေ​ကို ​ဖျက်​ပစ်​ဖို့​ပါ။

​ပြ​ဿ​နာ​က ​လော​က​ကြီး​မှာ ​လူ​ကောင်း​တွေ​ပဲ ​ရှိ​နေ​တာ​မ​ဟုတ်​ပါ​ဘူး။ ​လူ​ဆိုး​တွေ​လည်း ​ရှိ​တာ​ပါ​ပဲ။ ​သူ​တို့​တွေ​က ​ဈေး​ပေါ​တဲ့ ​တ​ပတ်​ရစ်​ဖုန်း​တစ်​လုံး​ကို ​ဝယ်​ပြီး ​သူ​များ​တွေ​ကို ​ဒု​က္ခ​ပေး​တာ​မျိုး ​လုပ်​နိုင်​ပါ​တယ်။ ​တစ်​ချို့​ကြ​ပြန်​တော့​လည်း ​သူ​များ​ကို ​ဒု​က္ခ ​ပေး​ချင်​တာ​မ​ဟုတ်​ပေ​မယ့် ​မ​တော်​တ​ဆ ​ဖြစ်​သွား​တာ​မျိုး ​ဖြစ်​တတ်​ပါ​တယ်။ ​ဒီ​လို​မ​ဖြစ်​အောင် ​ကာ​ကွယ်​ပေး​နိုင်​တဲ့ ​နည်း​လမ်း ​တွေ​ရှိ​ပါ​တယ်။ ​ဒါ​ကြောင့် ​ကိုယ့်​ဖုန်း​တစ်​လုံး​ကို ​တစ်​ပတ်​ရစ်​ဈေး​ကွက်​ထဲ​မှာ ​ပြန်​ရောင်း​တော့​မယ်​ဆို​ရင် ​ကြို​တင်​ပြု​လုပ်​သင့် ​တဲ့ ​အ​ချက် ၅ ​ချက်​ကို ​ဖော်​ပြ​ပေး​လိုက်​ပါ​တယ်။

၁. Data ​တွေ​ကို Back up ​လုပ်​ပါ။

​ဖုန်း​က data ​တွေ​ကို ​နောက်​ဖုန်း​တစ်​လုံး​ကို ​ပြောင်း​ဖို့ ​နည်း​လမ်း ၃ ​ခု​လောက် ​ရှိ​ပါ​တယ်။ ​ပ​ထ​မ​က ​ကွန်​ပျူ​တာ​ထဲ​ကို ​ပြောင်း ​ထည့်​တာ​ပါ။ ​ဒု​တိ​ယ​က ​ဖုန်း​အ​ချင်း​ချင်း​ပြောင်း​ထည့်​တာ​ပါ။ ​တ​တိ​ယ​က​တော့ Cloud ​မှာ ​အ​ရင် back up ​လုပ်​ပြီး၊ ​နောက် ​ဖုန်း​ထဲ​က​နေ ​ပြန်​ဆွဲ​တဲ့​နည်း​ပါ။ ​အား​လုံး​ထဲ​မှာ ​အ​လွယ်​ဆုံး​က​တော့ ​ဖုန်း​အ​ချင်း​ချင်း ​ကူး​တာ​ပါ​ပဲ။  Android 5.0 ​နဲ့ ​အ​ထက် ​ရှိ ​တဲ့​ဖုန်း​တွေ​ဆို​ရင် ​လုပ်​ရ​တာ ​အ​ရမ်း​ကို ​လွယ်​သွား​ပါ​တယ်။

​တ​ကယ်​လို့ ​ကြား​ခံ​က​နေ ​ကူး​မယ်​ဆို​ရင်​တော့ ​ဖုန်း​ရဲ့ SD ​ကတ် ​ကို ​ဖြုတ်​ပြီး၊ ​ကွန်​ပျူ​တာ​ထဲ ​ထည့်​ပေး​ပြီး​တော့ back up ​လုပ်​နိုင်​ပါ​တယ်။ ​အဲ​ဒီ​အ​တွက် MicroUSB cable ​လို​ပါ​တယ်။ ​ပုံ​မှန်​အား​ဖြင့်​တော့ Google Account ​နဲ့ Synced ​လုပ်​ထား ​မယ်​ဆို​ရင် contacts ​တွေ​ကို ​အ​လို​လို synced ​လုပ်​ပေး​မှာ ​ဖြစ်​ပါ​တယ်။ ​တ​ကယ်​လို့ back up ​ကို ​အ​ပြည့်​အ​ဝ​လုပ်​ချင်​တယ်၊ ​ကိုယ့်​ရဲ့ ​န​ဂို OS ​ပုံ​စံ​အ​တိုင်း ​အ​တိ​အ​ကျ​ပြန်​လို​ချင်​တယ်​ဆို​ရင်​တော့ Titanium Launcher ​တို့၊ Carbon ​တို့​လို app ​မျိုး​တွေ ​ကို ​အ​သုံး​ပြု​နိုင်​မှာ​ပါ။

၂. SIM card ​တွေ၊ MicroSD card ​တွေ​ကို ​ထုတ်​ပါ။

​ဒါ​က​တော့ ​အား​လုံး​လို​လို ​လုပ်​ဖြစ်​ကြ​မယ်​ထင်​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​တစ်​ခါ​တ​လေ ​မေ့​သွား​တာ​တို့၊ ​ယောင်​ပြီး​ပါ​သွား​တာ​တို့ ​ကြုံ ​ရ​တတ်​ပါ​တယ်။ ​တ​ကယ်​လို့ SD card ​ကို ​ပါ​ထည့်​ပေး​လိုက်​မယ်​ဆို​ရင်​တော့ card ​တစ်​ခု​လုံး​ကို ​ကွန်​ပျူ​တာ​နဲ့ format ​ချ​ပေး ​လိုက်​ဖို့ ​လို​ပါ​လိမ့်​မယ်။

၃. ​ဖုန်း​ကို Factory Reset ​ချ​ပါ။

​ဖုန်း​ထဲ​မှာ​ရှိ​တဲ့ data ​တွေ​အား​လုံး ​အ​ကုန်​အ​စင်​ပျက်​သွား​ဖို့​ဆို​ရင် factory data reset ​လုပ်​ပေး​ဖို့​လို​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​ပြ​ဿ​နာ​က ​ဒါ​လုပ်​ပြီး​ရင် ​ပြန်​ပြင်​လို့ ​မ​ရ​တော့​ပါ​ဘူး။ data ​တွေ ​ပြန်​မ​ရ​နိုင်​တော့​ဘူး။ ​ဖုန်း​ကို factory data reset ​လုပ်​မယ် ​ဆို​ရင်၊ Settings>Backup & reset>Factory data reset ​ကို ​သွား​ရ​ပါ​မယ်။ ​ကိုယ့်​ရဲ့ PIN ​ကို ​ထည့်​လိုက်​ပြီ​ဆို​တာ​နဲ့၊ ​ဖုန်း ​က ​မိ​နစ်​အ​နည်း​ငယ်​အ​တွင်း​မှာ ​စက်​ရုံ​က​ထုတ်​လိုက်​တဲ့​အ​တိုင်း ​ပြန်​ဖြစ်​သွား​မှာ​ပါ။ ​ဒါ​က SDcard ​ထဲ​က data ​တွေ​ကို​တော့ ​ဖျက်​မ​ပစ်​ပါ​ဘူး။

၄. Accessories ​တွေ​ကို ​ပြန်​ထည့်​ပေး​ပါ။

​ဖုန်း​ကို​ဝယ်​လိုက်​တုန်း​က ​ပါ​လာ​တဲ့ ​ဗူး​တို့၊ ​အား​သွင်း​ကြိုး၊ ​နား​ကြပ်၊ charger ​တို့ ​ပြန်​ထည့်​ပေး​နိုင်​မယ်​ဆို​ရင် ​သင့်​ဖုန်း​ကို ​ဈေး ​ကောင်း​ကောင်း​နဲ့ ​မြန်​မြန်​ပြန်​ရောင်း​လို့​ရ​နိုင်​ပါ​မယ်။ ​တ​ကယ်​လို့ ​ဒီ​ဖုန်း​နဲ့​ပဲ ​သုံး​နိုင်​မယ့် ​ဘက်​ထ​ရီ​အ​ပို​တွေ၊ ​အား​သွင်း​ကြိုး​တွေ၊ ​အ​ပေါ်​က ​ကာ​ဗာ​တွေ​နဲ့ screen guard ​တွေ ​ရှိ​နေ​သေး​တယ်​ဆို​ရင် ​ထည့်​ရောင်း​နိုင်​ပါ​တယ်။ ​ဒါ​မျိုး​ဆို​ရင် ​ဝယ်​တဲ့​သူ​တွေ​က ​ပို ​သ​ဘော​ကျ​တတ်​ပါ​တယ်။ ​တ​ကယ်​လို့ ​အာ​မ​ခံ​သက်​တမ်း​ကျန်​သေး​ရင်​လည်း ​ဘယ်​လောက်​ကျန်​သေး​တယ်​ဆို​တာ​ကို ​ပြော ​ပြီး၊ ​ဝယ်​ထား​တဲ့ ​ဘောင်​ချာ​နဲ့​အ​တူ​တူ ​ပြန်​ထည့်​ရောင်း​နိုင်​မှာ​ပါ။

၅. ​သန့်​ရှင်း​ရေး​လုပ်​ပေး​ပါ။

​ဒါ​က​အ​ရေး​ကြီး​တဲ့ ​အ​ဆင့်​တစ်​ခု​ပါ။ Device ​ကို ​သန့်​သန့်​ရှင်း​ရှင်း ​ထား​ပေး​တာ​က ​ဝယ်​သူ​အ​နေ​နဲ့ ​အ​မြင်​ကောင်း​သွား​စေ​သ ​လို၊ ​ဒီ​ပ​စ္စည်း​ကို ​ကိုင်​တဲ့​သူ​က ​သပ်​ရပ်​တဲ့​သူ​လို့ ​သူ​တို့​ကို ​ထင်​သွား​စေ​ပါ​တယ်။ Screen ​ပေါ်​မှာ ​အ​စွန်း​တွေ၊ ​လက်​ဗွေ​တွေ ​ရှိ ​မ​နေ​အောင် ​ရှင်း​ထား​ဖို့​လို​သ​လို၊ ​ဖုန်း​မှာ​လည်း ​ချေး​တွေ​ကပ်​နေ​တာ၊ ​ဖုန်​တွေ​ဝင်​နေ​တာ​မျိုး​တွေ ​မ​ဖြစ်​အောင် ​သန့်​ရှင်း​ထား ​သင့်​ပါ​တယ်။ ​ဝယ်​တဲ့​သူ​က ​လာ​တော့​မယ်​ဆို​ရင် ​ဖုန်း​ကို ​အား​သွင်း​ပေး​ထား​တာ ​ကောင်း​ပါ​တယ်။ ​လုံး​ဝ​အား​ကုန်​လို့ ​ဖွင့်​မ​ရ ​ဖြစ်​နေ​တာ​မျိုး​ကို ​ရှောင်​ရှား​တဲ့​အ​နေ​နဲ့​ပါ။

​ဒီ​လောက်​ဆို​ရင်​တော့ ​ကိုယ့်​ရဲ့​ဖုန်း​ကို ​တ​ပတ်​ရစ်​ဈေး​ကွက်​မှာ ​ပြန်​ရောင်း​ချင်​သူ​တွေ​အ​နေ​နဲ့ ​လုံ​ခြုံ​စိတ်​ချ​မှု​ရှိ​စွာ ​ရောင်း​ချ​နိုင် ​ပြီ​လို့ ​မျှော်​လင့်​ရ​ပါ​တယ်။ ​အ​ဓိ​က​သ​တိ​ထား​ရ​မှာ​က ​တ​ပတ်​ရစ်​ဈေး​ကွက်​မှာ ​ဖုန်း​တွေ​ရောင်း​မယ်​ဆို​ရင် ​ကိုယ့် data ​တွေ​ကို ​အ​ခြား​သူ​တွေ​လက်​ထဲ ​ရောက်​မ​သွား​စေ​ဖို့​နဲ့၊ ​ပြန်​ရောင်း​ရာ​မှာ ​ဈေး​ကောင်း​ကောင်း​ရ​နိုင်​ဖို့​အ​တွက် Accessories ​တွေ​နဲ့ ​ဖုန်း​ရဲ့ ​အ​သွင်​အ​ပြင်​ကို ​ကောင်း​အောင်​လုပ်​ဖို့ ​လို​တယ်​ဆို​တာ​ပါ​ပဲ။

​သင့်​ရဲ့ Android ​ဖုန်း​ပဲ​ဖြစ်​ဖြစ်၊ tablet ​ပဲ​ဖြစ်​ဖြစ် ​ပြန်​ရောင်း​ချင်​တယ်​ဆို​ရင်

https://www.ads.com.mm/mobile-phones-tablets

​မှာ ​အ​ခ​မဲ့​ကြော်​ငြာ​နိုင်​ပါ​တယ်။

Advertisements

Author: Si Gee

Si Gee is a professional technology writer. In past, he worked as an editor at several tech related printed media. And he also worked at a few web startups companies and build many websites. Now he is working full-time at an media agency as a digital marketing strategist and still writing tech related articles, reviews and tutorials on various media as a part-time contributor.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s