Facebook ဖြင့် Login ပြုလုပ်၍ အခမဲ့ကြော်ငြာတင်နိုင်မည့် ဝန်ဆောင်မူ Ads.com.mm စတင်

                                                              Ads New Service for User

မြန်မာပြည်၏အွန်လိုင်းဈေးကွက်တွင် အသုံးပြုသူများပိုမိုအဆင်ပြေချောမွေ့ စေရန်အတွက် ၀န်ဆောင်မူများကိုအမျိုးအစားစုံလင်စွာ ထည့်သွင်းလာကြောင်းတွေ့ ရှိရလေသည်။ယင်းဝန်ဆောင်မူများတွင် ဝက်ဘ်ဆိုက်များ နှင့် ဝက်ဘ်ဆိုက်အတွင်းအကြောင်းအရာများကိုအလွယ်တကူလေ့လာနိုင်သည့် အပြင် လစဉ်ပြုလုပ်လျက်ရှိသော Promotionပွဲများနှင့် အခြားအကြောင်းအရာများကို Customer များအလွယ်တကူသိရှိစေရန်အတွက် Viber , Facebook များကိုလဲ ဝက်ဘ်ဆိုက်၏ ဝန်ဆောင်မှု အသစ်တစ်ရပ်အဖြစ် တွင်ကျယ်စွာ ထည့်သွင်းလာကြောင်းတွေ့ ရှိရလေသည်။မြန်မာပြည်၏ အခမဲ့ကြော်ငြာဝက်ဘ်ဆိုက် တစ်ခုဖြစ်သော www.ads.com.mm ၏ Facebook page တွင်လည်းယင်းဝက်ဘ်ဆိုက်ကို အသုံးပြုသူများသိရှိနိုင်သည့်အပြင် အသုံးပြုသူများအတွက် ပိုမိုအဆင်ပြေစေမည့် Facebook Login ဝန်ဆောင်မူကိုလဲ စတင် အသုံးပြုနိုင်ပြီး ဖြစ်သည်။

“ကျွန်တော်တို့ ဝက်ဘ်ဆိုက်ကနေ အသုံးပြုသူတွေ ပိုပြီးအဆင်ပြေချောမွေ့ စေမယ့် ၀န်ဆောင်မူ အသစ်အသစ်တွေကိုကျွန်တော်တို့ အမြဲကြိုးစားနေပါ။လက်ရှိမြန်မာပြည်က လူတွေ ပိုပြီးအသုံးပြုများလာတဲ့ Facebook ကနေ အလွယ်တကူ Login လုပ်ပြီးကြော်ငြာတင်နိုင်မယ့် အစီအစဉ်ကို ထည့်သွင်းထားပါတယ်။အရင်ကအီးမေးလ်နဲ့ အကောင့်ဖွင့်ပြီးကြော်ငြာတင်တဲ့အချိန် ကြော်ငြာတွေကို တစုတစ်စည်းထဲ မြင်ရတဲ့ အပြင် ကိုယ်ပြင်ချင်ရင်သော်လည်းကောင်း ၊ ဖျက်ချင်ရင်သော်လည်းကောင်း စိတ်ကြိုက်ပြုလုပ်လို့ ရပါတယ်။ဒါပေမယ့်ကြော်ငြာတင်ပြီရင် Activate လုပ်ဖို့  လိုအပ်ပါတယ်။ထွက်ရှိလာမည့် Facebookနှင့် ချိတ်ဆက်ဝန်ဆောင်မူမှာ ဆိုရင် ကိုယ်ပိုင်Facebook ဖွင့်ထားတဲ့ မေးလ် နှင့် password ကိုထည့်သွင်းပြီး Login ပြုလုပ်ပြီး ကြော်ငြာတွေကိုတင်နိုင်သလို ၊ Activate ပြုလုပ်ဖို့ မလိုဘဲ ကြော်ငြာစာမျက်နှာမှာတွေ့  ရှိရမှာ ဖြစ်ပါတယ်။အရင်ကလို အီးမေးလ်ထဲကို ထပ်သွားပြီး Activate လိုပ်ဖို့ မလိုတဲ့ အတွက် အချိန်လဲ သက်သာပါတယ်။လက်ရှိမြန်မာပြည်လူအများစုက facebook user တွေလည်းများလာတဲ့အတွက် ဒီအစီအစဉ်ကအရမ်းကောင်းမယ်လို့ လဲ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အီးမေလ်းဖွင့်စရာမလိုဘဲ Facebook ကနေ Loginပြုလုပ်ပြီးကြော်ငြာတင်ရတော့ အသုံးမပြုဖူးသေးသူတွေ အတွက် ပိုမိုလွယ်ကူပြီး ၊ ရိုးရှင်းလှပါတယ်။Facebook အကောင့်နှင့်တိုက်ရိုက်ဝင်ချင်တယ်ဆိုရင် ကျွန်တော် ဝက်ဘ်ဆိုက်ရဲ့ ကျွန်ူပ်၏အကောင့်က နေသွားပြီး Facebook Login ဆိုတဲ့နေရာကနေစတင်အသုံးပြုနိုင်ပါပြီး။ လက်ရှိကျွန်တော်တို့ viber ကနေ တဆင့်ကလည်း သိရှိလိုတဲ အကြောင်းအရာတွေ ကိုအသေးစိတ်မေးမြန်းနိုင်ပါတယ်။လက်ရှိ ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာ ပစ္စည်းအမျိုးပေါင်း (၆) သောင်းကျော်ကို ရှာဖွေနိုင်ပါတယ် ” ဟု www.ads.com.mm ၏ Country Manager ဖြစ်သူ Mr. Nico Poma မှ ပြောသည်။

မြန်မာနိုင်ငံ၏အွန်လိုင်းအသုံးပြုမူတွင် Facebook အသုံးပြုသူပေါင်း လက်ရှိအချိန်တွင် (၇) သန်း ကျော် အထိမြင့်တတ်လာပြီး ၊ အသုံးပြုအများစုမှာ မိုဘိုင်းတည်းသာမက ကွန်ပျူတာဖြင့်လည်း အသုံးပြုကြောင်းကိုတွေ့ ရှိရသည်။ ( ၂၀၁၅) အတွင်း ဆင်းကတ်များကို ပိုမိုရောင်းချပေးခဲ့သည် ဖြစ်သောကြောင့် Facebook အသုံးပြုမူသည် ပိုမိုမြင့်တတ်လာနိုင်လေသည်။လက်ရှိမြန်မာပြည်အတွင်း အရောင်းမြင့်တင်ရေး ကဏ္ဍတွင်လည်း Facebook သည် Marketer များအတွက်အရေးပါသော လုပ်ငန်းစဉ်ဖြစ်လာကြောင်းကို တွေ့ ရှိလာရသည်။Promotion ပွဲများနှင့် Ticker ကြော်ငြာများအပြင် အခြား ကုန်ပစ္စည်းအသစ်မိတ်ဆက်မူ အများအပြားကိုလည်း Facebook ပေါ်တွင် ကျယ်ကျယ်ပြန့် ပြန့် ကြော်ငြာမူများ ပြုလုပ်လာကြကြောင်းကိုတွေ့ ရှိရလေသည်။Facebook သည်လက်ရှိအချိန်၌ မြန်မာပြည်အတွင်း လူကြိုက်အများဆုံး Social Media တစ်ခုဖြစ်သည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s