တိုက်ခန်းအတူတူ ဌားရမ်းနေထိုင်သူတွေရဲ့ ပျော်ရွှင် ၊ စိတ်ဝင်စားစရာများ

တိုက်ခန်းအတူတူ ဌားရမ်းနေထိုင်သူတွေနဲ့ပက်သက်တဲ့အကြောင်းအရာလေးတွေကို ပြန်ပြီးတော့တွေးကြည့်မယ်ဆိုရင် မနေ့တစ်နေ့ကလိုပါပဲ။ သက်တောင့်သက်သာရှိတဲ့ ၄ ခန်းတွဲ ၊ တနင်္ဂနွေနေ့မှာပဲ အိမ်အောက်မှာဖွင့်တဲ့ ဖရဲသီးဆိုင်တွေ ၊ အိမ်ဌားက အခန်းပြန်အပ်တဲ့အချိန်မှာ ၀မ်းနည်းပြီးကျလာတဲ့ မျက်နှာတွေကို ပြန်ပြီးတော့ပြေးမြင်မီမှာပါ။ အခုကျွန်တော်တို့အနေနဲ့ တိုက်ခန်းအတူတူ ဌားရမ်းနေထိုင်သူတွေနဲ့ပက်သက်တဲ့ စိတ်ဝင်စားစရာလေးတွေကို လေ့လာကြည့်ရအောင်ပါ။

The-Taft-School-uuuTLH

အမြဲတမ်းပျောက်နေတဲ့ အခန်းဖော် (သို့) ၀င်ထွက်သွားလာမှု မရှိတဲ့ အခန်း

ကျွန်တော်တို့ဘယ်သူကိုဆိုလိုလဲဆိုတာမှန်းလို့ရနေပြီလို့ထင်ပါတယ်။ သူကတော့ ဘယ်တော့မှ အခန်း ထဲမှာမရှိတဲ အခန်းဖော်ကိုဆိုလိုတာပါ။ သင်တို့တွေအခန်းစဌားတဲ့နေ့ကစပြီးတော့ အဲဒီအခန်းရဲ့ အခန်းဖော်ဟာ ဘယ်သူလဲလို့၊ သင်မေးပြီးကတည်းက သူနဲ့တစ်ခါမှ မျက်နှာချင်းဆိုင်တွေ့ရလေ့ကိုမရှိပါဘူး။ သူဟာ ညပိုင်းအလုပ်ဆင်းတဲ့သူဖြစ်ကောင်းဖြစ်နိုင်သလို ၊ အခန်းတွင်းအောင်း တရားထိုင်ပြီး ကမ္ဘာ့စံချိန်ချိုးဖို့ ရည်ရွယ်နေသူလည်းဖြစ်မှာပါ။ ကံကောင်းတာကတော့ မံနက်တိုင်း ရေချိုးခန်းလုရမယ့် ပြိုင်ဘက်တစ်ယောက်လျော့သွားတာပါ။

အိမ်အလုပ်နဲ့ပက်သက်လို့ရှောင်ပြေးတတ်တဲ့အခန်းဖော်

ကျွန်တော်တို့တွေအနေနဲ့ ဘယ်လိုပဲ သပ်သပ်ရပ်ရပ်ရှိနေပါစေ ၊ အခန်းဖော်တွေနဲ့အတူနေတဲ့အခါမှာ အိမ်အလုပ်နဲ့ ပက်သက်ပြီးတော့ရှောင်ပြေးချင်ကျတဲ့သူတွေကိုလည်းတွေ့မြင်ရမှာပါ။ ဥပမာ – စားပြီးသားပန်းကန်တွေ ၊ တစ်ဝက် သောက်ပြီးသား ကော်ဖီခွက်တွေကို ပန်းကန်ဆေးတဲ့နေရာမှာ ဒီအတိုင်း နှစ်ရှည်ကာလထားတာကို တွေ့ရတတ်ပါတယ်။ အဲဒီတော့ ဒီလိုကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့အတွက် အလှည့်ကျ တာဝန်အချိန်ဇယားကို တစ်ယောက်က ဦးဆောင်ပြီးတော့ ပြုလုပ်ပေးရပါတော့တယ်။ ဒီလိုမျိုးအခန်းဖော်တွေကို အမြဲတွေ့နေရမှာပါ။ သင်နေထိုင်တဲ့နေရာမှာ မတွေ့မီဘူးဆိုရင်တော့ အဲဒီသူဟာ သင်ကိုယ်တိုင်လည်း ဖြစ်နေနိုင်ပါတယ်။

ကိုယ့်ပစ္စည်းမှ ကိုယ်ဖြစ်နေတတ်သူ

အဲဒီလိုအခန်းဖော်တွေကတော့ သူတို့ရဲ့ ပိုင်ဆိုင်သမျှကို အခြားသူတွေ ယူမသုံးမီအောင် အမှတ်အသားလေးတွေပြုလုပ်ထားလေ့ရှိပါတယ်။ နောက်ထပ်အနီးစပ်ဆုံးပြောရရင်တော့ “ခင်ဗျား ရေချိုးတာ ၁၀ မိနစ်ထက်တောင်ကျော်သွားပြီနော်” လို့ပြောတတ်တဲ့သူမျိုးဖြစ်ပါတယ်။

83375931

မမျှော်လင့်ပဲ မိတ်ဆွေတွေခေါ်ချလာတတ်တဲ့အခန်းဖော်

ဘယ်သူမှမဆို ကိုယ့်အိမ်မှာ တစိမ်းတစ်ယောက်ရောက်နေရင် နေရထိုင်ရခက်နေတတ်ပါတယ်။ အဲဒီလိုမျိုးပါပဲ သင်အလုပ်ကနေပြန်လာလို့ တစိမ်းတစ်ယောက်က သင့်ရဲ့ အာလူးကြော်တွေကိုယူစားနေရင်း သင့်ကို ကျွန်တော် / ကျွန်မကတော့ ဘယ်သူရဲ့ မိတ်ဆွေပါ / ချစ်သူပါ / အလုပ်ကပါ လို့ပြောလိုက်တဲ့အဖြစ်ကို သင်မြင်ကြည့်ပါ။

နောက်ထပ်ပိုဆိုးတာကတော့ သင်ရှိနေတာကို ဂရုမပြုတာပါပဲ။ သင်ကိုယ်တိုင်က ငါကိုယ်တိုင် သူများအိမ်ထဲ မှားဝင်လာမီသလားလို့ ပြန်တွေးနေမှာပါ။

သင်မသိလိုက်ပဲကျင်းပနေတဲ့ ပျော်ပွှဲရွှင်ပွဲ

ရုံးကနေနောက်ကျပြီး အိမ်ကိုပြန်လာရင်း ၊ အိမ်ရောက်ရင် ချောကလက်ပူပူလေးတစ်ခွက်သောက်ရင်း အနားယူမယ်လို့တွေးလာတဲ့ စိတ်ကူးလေးတွေဟာ အိမ်သော့နဲ့တံခါးကိုဖွင့်လိုက်ပြီးတဲ့နောက် ၊ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လေထဲမှာ ပျောက်ကွယ်လို့သွားပါတယ်။

တံခါးကိုဖွင့်လိုက်တာနဲ့ တွေ့လိုက်ရတဲ့သူဟာ အခြားသူတစ်ယောက်ဖြစ်နေတာပါပဲ။ သူပြောနေတာကိုလည်း သီချင်းသံတွေ ဆူညံနေတာနဲ့ မကြားရတာနဲ့ ၊ ပြည့်နှက်နေတဲ့ အခန်းထဲမှာ ဇိမ်နဲ့ ချောကလက်ပူပူလေးတစ်ခွက်သောက်ဖို့ စဉ်စားထားတာလေးတွေဟာ ရေစုံမျောသွားပါတယ်။

မံနက်ကျရင် အခန်းဖော်တွေနဲ့ မံနက်စာအတူစားချိန်ဟာ တိတ်ဆိတ်နေတော့မှာပါ။

သင်တို့ရဲ့ အခန်းဖော်တွေနဲ့ပက်သက်တဲ့ အတွေ့အကြုံတချို့ကိုလည်း ရင်ဖွင့်ပြီးတော့ မျှဝေပေးခဲ့ပါဦး။

သင့်အနေနဲ့ အိမ်ခန်းဌားဖို့ ရှာနေပြီဆိုရင် www.ads.com.mm ရဲ့ အိမ်ခြံမြေကဏ္ဍမှာလည်း ရှာဖွေ့ကြည့်ဖို့မမေ့ပါနဲ့။

Advertisements

Author: ADS BLOG

Ads.com.mm is a classifieds website where you can post your ad for free with a simple click. Discover what individuals and professionals from all over Myanmar are selling, from used cars to furniture, real estate, jobs, mobile phones, or other used items, you can find everything you need! Make a good deal in your city today! Visit us now at www.ads.com.mm.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s