အင်တာဗျူးတစ်ခု အောင်မြင်စွာဖြေဆိုနိုင်ဖို့အတွက် နည်းလမ်း ၅ ခု

ကျွန်တော်တို့တွေရဲ့ အကြိုက်ဆုံးအရာခေါင်းစဉ်တွေထဲမှာ အလုပ်အင်တာဗျူးဖြေဆိုတာဟာ ထိပ်ဆုံးမှာပါဝင်လေ့မရှိပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုကို ရွေးချယ်လုပ်ကိုင်ရဖို့အတွက် အလုပ်အင်တာဗျူးတွေ ၀င်ရောက်ရတဲ့အခါမှာတော့ အသေးအမွှားကိစ္စလေးတွေကအစ၊ အလုပ်အကိုင်ရရှိဖို့အတွက်ကြီးမားတဲ့ သက်ရောက်မှုမျိုးရှိစေပါတယ်။ အဲဒါကြောင့် အလုပ်အကိုင်တစ်ခုရရှိဖို့အတွက် အင်တာဗျူးတွေဟာ ရှောင်လွှဲလို့မရတဲ့အရာဖြစ်ပါတယ်။ အင်တာဗျူးအောင်မြင်စွာဖြေဆိုနိုင်ဖို့အတွက် နည်းလမ်း  ၅ ခုကို အင်တာဗျူးဖြေဆိုမယ့်သူတွေလေ့လာနိုင်ရန်အတွက် မြန်မာပြည်ရဲ့ နံပါတ် (၁) အခမဲ့ကြော်ငြာကဏ္ဍ၀က်ဘ်ဆိုက်ဖြစ်တဲ့ www.ads.com.mm မှဖော်ပြပေးလိုက်ပါတယ်။

How+to+answer+difficult+interview+questions+guide+for+job+seekers+free+download+jpeg

၁။   အင်တာဗျူးဖြေဖို့ ချိန်းထားတဲ့အချိန်ထက် ရုံးသို့ ၅ မိနစ်စောရောက်နေပါ။

ဒီလိုပြောလိုက်တာကတော့လွယ်ကူပေမယ့် ၊ တကယ်တမ်း ဒီစာသားမှာ အဓီကကျတဲ့ အရာ ၂ ခုကတော့ “ရုံးသို့” နှင့် “၅ မိနစ်” ပါ။ ၅ မိနစ်စောရောက်နေပါစေဆိုတာ မိမိကားကို အင်တာဗျူးမဖြေဆိုခင် ၅ မိနစ် စောရောက်ကာ ကားပါတ်ကင်ထိုးခိုင်းတာတို့ ၊ လုံခြုံရေးဂိတ်အပေါက်ဝကို ၅ မိနစ်စောဖြတ်တာတို့ကိုပြောတာ မဟုတ်ပါဘူး။ မိမိသွားရောက်ဖြေဆိုရမယ့် ရုံးခန်း (သို့မဟုတ်) အခန်းထဲကို သက်မှတ်ချိန်ထက် ၅ မိနစ်စောရောက်နေပါစေလို့ပြောတာပါ။ ကုမ္ပဏီအများစုမှာ ကြီးမားတဲ့ ခန်းမကြီးကို ၀င်ဖို့ဖြတ်သန်းရတဲ့အခန်းတွေ ၊ ခေတ္တစောင့်ဆိုင်းတဲ့နေရာတွေမရှိပါဘူး။ အရမ်းကြီးလည်း စောရောက်မနေပါနဲ့ ၊ သင့်ကို အင်တာဗျူးမေးမြန်းမယ့်သူနဲ့ မျက်နှာချင်းဆိုင်အကြာကြီးထိုင်ကြည့်နေတဲ့ပုံစံဖြစ်နေမယ့်အပြင် ၊ တစ်ဖက်ကိုလည်း ချိန်းထားတဲ့အချိန်ထက်စောပြီးတော့ အင်တာဗျူးကိုစတင်ပေးဖို့ပုံစံမျိုးသက်ရောက်နေပါလိမ့်မယ်။ အကယ်၍ စောရောက်နေမယ်ဆိုပါက အဆောက်အဦးအပြင်ဘက်မှာ လမ်းလျှောက်နေတာမျိုး (သို့မဟုတ်) အိမ်သာထဲမှာ ခဏ၀င်ပြီး သပ်ရပ်မှုရှိအောင်ပြင်ဆင်နေလို့ရပါတယ်။ စောရောက်နေတဲ့အတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့အချိန်လည်းပိုရမှာပါ။

၂။ အင်တာဗျူးခန်းမအတွင်းသို့ မည်သည့်အခြေအနေမျိုးမှာမဆို သောက်သုံးစရာများ မယူဆောင်သွားမီလေအောင် သတိပြုပါ။

ကျွန်တော်တို့တွေအနေနဲ့တစ်ခါတစ်လေမှာ ကော်ဖီခွက် ဒါမှမဟုတ် သောက်စရာတစ်ခုခုကို ကိုင်ဆောင်ပြီးတော့ လျှောက်သွားနေတတ်ပေမယ့် ၊ အင်တာဗျူးခန်းမထဲကိုတော့ မယူသွားမီအောင် သတိပြုပါ။ အင်တာဗျူးမေမြန်းသူနဲ့ ခရီးဦးကြိုပြုသူ (receptionist) တွေအနေနဲ့ သင့်ကို သောက်သုံးစရာတစ်ခုခုကို ကမ်းလာနိုင်ပေမယ့် ၊ ကိုယ်တိုင်သယ်ဆောင်သွားလာတာမျိုးကိုတော့ရှောင်ရှားပါ။  ရေဘူးအသေးတစ်ဗူးကို စာရွက်စာတမ်းထည့်တဲ့ အသားရေအိတ်အပြားထဲ (သို့မဟုတ်) အိပ်ရဲ့ မမြင်နိုင်တဲ့နေရာမျိုးမှာတော့ ထည့်ထားနိုင်ပါတယ်။  အင်တာဗျူးဖြေဆိုရာမှာ စိုးရိမ်စိတ်တွေကို ငြိမ်သက်စေဖို့ ရေတစ်စက်ဟာ အဖိုးတန်ပါတယ်။

၃။ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းနေပါစေ။

ကောင်းမွန်စွာ သပ်ရပ်စွာဝတ်စားတတ်တဲ့သူတွေအတွက်ကတော့ အထူးအဆန်းကိစ္စတစ်ခုမဟုတ်လောက်ပေမယ့်  ၊ အလုပ်အကိုင်ရှာဖွေနေသူတွေအတွက်ကတော့ သပ်ရပ်စွာ ၀တ်စားနေထိုင်မှုဟာအရမ်းကိုအရေးပါ ၊ အရာရောက်ပါတယ်။ ကြည့်ကောင်းဖို့အတွက် အ၀တ်အစားတွေကို ဈေးကြီးပေးဝယ်ဖို့မလိုပါဘူး။ ကိုယ်လုပ်ကိုင်မယ့် လုပ်ငန်းခွင်နဲ့ ကိုက်ညီတဲ့ အ၀တ်အစားတွေ ၊ မိတ်ကပ်တွေ ၊ ဆံပင်ပုံစံတွေကို ကောင်းမွန်စွာရွေးချယ် ၀တ်ဆင်ဖို့ပဲလိုအပ်ပါတယ်။ ဥပမာ – လုပ်ငန်းခွင်မှာ ကိုယ်ဝတ်ဆင်ရမယ့် အ၀တ်အထည်တွေကို အစွန်းအထင်းရှိ ၊ မရှိ စစ်ဆေးတာမျိုးတွေ ၊ ခေတ်မီပြီး အလွန်အကျွံမ၀တ်စားမီအောင် သတိပြုဖို့ပဲလိုပါတယ်။ နောက်ထပ်အနေနဲ့ သတိထားရမှာကတော့ အနံ့အသက်ပြင်းတဲ့ ရေမွှေး ၊ ပေါင်ဒါတွေကို ရှောင်ပါ။

၎။ ကြိုတင်ပြင်ဆင်လာပါ။

အင်တာဗျူးဖြေဆိုဖို့အတွက် ဘောလ်ပင် ၊ မှတ်စုစာအုပ်  (သို့မဟုတ်) စာရွက်များ ၊ ကိုယ်ရေးရာဇာဝင် မိတ္တူများများနဲ့  ကိုယ်မေးမြန်းလိုတဲ့အရာတွေကို ကြိုတင်ပြင်ဆင်လာပါ။ အင်တာဗျူးမေးမြန်းသူအများစုကတော့ ကိုယ်ရေးရာဇာဝင် အချက်အလက်တွေကို ပထမဦးစွာတောင်းခံလေ့ရှိပါတယ်။ အဲဒီအချိန်မျိုးမှာ စာရွက်စာတမ်းတွေကို သပ်သပ်ရပ်ရပ်ထုတ်ပြပေးနိုင်ဖို့လို ပါတယ်။

နောက်ထပ်တစ်ခုလုပ်ရမှာကတော့ အင်တာဗျူးနေတဲ့အချိန်မှာ ၊ အင်တာဗျူးတဲ့သူတွေပြောကြားတဲ့အရေးကြီးတဲ့အရာတွေကို မှတ်သားထားဖို့လိုပါတယ်။ သင်ဘယ်လောက်ပဲ မှတ်မီနေပါစေ ၊ အင်တာဗျူးဖြေဆိုနေတဲ့အချိန်မှာ အရေးကြီးတဲ့ အရာတွေကို လိုက်လံမှတ်သားထားဖို့လိုပါတယ်။ ဒီလိုမျိုးမှတ်သားတဲ့အပြုအမှုတွေဟာ အင်တာဗျူးမေမြန်းသူတွေကို ၊ သင့်အနေနဲ့ အထူး ဂရုတစိုက် နားထောင်နေပုံပေါက်စေကာ ၊ အလေးထားရာပုံစံကိုလည်းပြသရာရောက်ပါတယ်။ တစ်ဖက်မှာလည်း အချိန်ပြည့် မျက်လုံးချင်းဆုံနေတာမျိုးကြောင့် အင်တာဗျူးဖြေနေစဉ်မှာ ကြောက်ရွံမှုဖြစ်ပေါ်လာတာကိုလည်း လျော့နည်းစေပါတယ်။

နောက်ထပ်တစ်ခုကတော့ အင်တာဗျူးမဖြေခင် ကြိုတင်မှတ်စုတွေထဲက မှတ်သားထားတဲ့အရာတွေကို ပြန်လည်ကြည့်ပြီးတော့ ဖြေကြားလို့ရတဲ့အပြင် ၊ သင်မေးမြန်းလိုတဲ့ မေးခွန်းတွေကိုလည်း ပြန်လည်မှတ်မီရလွယ်ကူစေမှာပါ။ နောက်ဆုံးအနေနဲ့သတိထားရမှာကတော့ စာရွက်ကိုပဲ တစ်ချိန်လုံး မကြည့်မီပါစေနဲ့ ၊ အဓီကအကြောင်းအရာတွေကို မှတ်စုရေးသားတာက အရေးကြီးပါတယ် ၊ ဒါပေမယ့် တစ်ဖက်မှာလည်း မေးမြန်းနေတဲ့သူကို အာရုံစိုက်နေတဲ့ ပုံစံပြသဖို့လည်းလိုပါတယ်။

၅။ အင်တာဗျူးမေးမြန်းသူနဲ့ စကားအပြန်အလှန်ပြောဆိုပါ။

ကောင်းမွန်တဲ့ အင်တာဗျူးတစ်ခုဟာ အသက်ဝင်နေဖို့လိုပါတယ်။ ကိုယ်လုပ်ကိုင်မယ့် အဖွဲ့အစည်းနဲ့ပက်သက်တဲ့ နောက်ခံသမိုင်းကြောင်းတွေ ၊ ကိုယ်တာဝန်ယူရမယ့် လုပ်ငန်းခွင်တာဝန်တွေ ၊ အဖွဲ့အစည်းရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းနယ်ပယ် ၊ အဖွဲ့အစည်းရဲ့ လက်တလောကျင်းပခဲ့တဲ့ ပွဲ အစရှိတာတွေကို မေးမြန်းနိုင်မယ်ဆိုရင် အင်တာဗျူးတစ်ခုလုံးဟာ အသက်ဝင်နေမှာဖြစ်သလို အင်တာဗျူးမေးမြန်းနေသူအပေါ်မှာလည်း ကောင်းတဲ့အပေါင်းလက္ခဏသက်ရောက်မှုရှိစေမှာပါ။ အဖွဲ့အစည်းအများစုဟာ ကိုယ့်ရဲ့အားသာချက် ၊ အားနည်းချက်အပြင် ကိုယ်တာဝန်ယူထမ်းဆောင်ရမယ့် အကြောင်းအရာတွေကိုပါ လေ့လာထားတဲ့သူတွေကို ဦးစားပေးရွေးချယ်လေ့ရှိပါတယ်။

job-interview-handshake

အကယ်လို့ အထက်မှာဖော်ပြထားခဲ့တဲ့အရေးကြီးတဲ့ အကြောင်းအရာတွေကို ကြိုတင်မပြင်ဆင်ထားနိုင်ခဲ့ဘူးဆိုရင်တော့ အင်တာဗျူးတစ်ခုလုံးဟာ အမေးအဖြေတွေနဲ့သာတင်ပြီးဆုံးသွားမှာပါ။ အင်တာဗျူးတစ်ခုမှာ အင်တာဗျူးဖြေဆိုသူတစ်ဦးရဲ့ ကြိုတင်ပြင်ဆင်လာမှု ၊ အတွေးအခေါ်အမြှော်အမြင် ၊ လူထူပေါင်းသင်းဆက်ဆံရေးကျွမ်းကျင်မှု ၊ စိတ်ဝင်တစားနားထောင်မှုနှင့် တာဝန်ယူထမ်းဆောင်ရမယ့်အလုပ်ပေါ်မှာ သစ္စာရှိမှုတို့ကို စောင့်ကြည့်လေ့ရှိပါတယ်။

အင်တာဗျူးတွေမှာ သင့်ရဲ့ကျွမ်းကျင်မှုနဲ့ လုပ်ဆောင်နိုင်မှုတွေထက် သင့်ကို မေးမြန်းနေတဲ့သူအပေါ်မှာ သင်ဘယ်လောက်လွှမ်းမိုးထားနိုင်သလဲဆိုတာဟာ အဓီကပိုကျပါတယ်။ ဒီလိုမျိုးပြောလိုက်တဲ့အတွက် လက်မခံနိုင်တဲ့သူအချို့ရှိနိုင်ပေမယ့် ၊ သင့်အနေနဲ့ လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုအောင်လက်မှတ်တွေပိုင်ဆိုင်ထားတဲ့အပြင် ၊ တစ်ဖက်သူအပေါ်မှာ ကောင်းမွန်တဲ့ သက်ရောက် ထင်မြင်မှုရှိနေစေဖို့ဟာလည်း အလွန်အရေးကြီးပါတယ်။

အင်တာဗျူးတစ်ခုကို အောင်မြင်ပြီးမြောက်စွာဖြေဆိုနိုင်တာဟာ ၊ သင့်အတွက် အောင်မြင်မှုတစ်ခုကို ဆွတ်ခူးနိုင်လိုက်တာပဲဖြစ်ပါတယ်။

သင့်အနေနဲ့နောက်ထပ်ဖြေဆိုရမယ့် အင်တာဗျူးတွေအခွင့်အလမ်းတွေရရှိလာတဲ့အချိန်မှာ အထက်ဖော်ပြပါအချက်အလက်အများစုကို လိုက်နာကျင့်သုံးသွားဖို့မျှော်မှန်းပါတယ်။

မြန်မာပြည်ရဲ့နံပါတ် (၁) အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်ဖြစ်တဲ့ www.ads.com.mm မှာ အခုပဲ အခမဲ့ ရောင်း ၊ ၀ယ်ပြီး ၊ အပိုဝင်ငွေများ ရှာဖွေလိုက်ပါ။

Advertisements

Author: ADS BLOG

Ads.com.mm is a classifieds website where you can post your ad for free with a simple click. Discover what individuals and professionals from all over Myanmar are selling, from used cars to furniture, real estate, jobs, mobile phones, or other used items, you can find everything you need! Make a good deal in your city today! Visit us now at www.ads.com.mm.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s