ခါးပိုက်နှိုက်တွေ ဘယ်လိုမျိုးလှုပ်ရှားလေ့ရှိပါသလဲ။
ခါးပိုက်နှိုက်တွေဟာ သူများမသိအောင် ခိုးယူရာမှာကျွမ်းကျင်သလို ၊ မျက်လှည့်သမားတစ်ယောက်လိုပဲ လူတွေရဲ့အာရုံကို ဘယ်လိုနည်းမျိုးစုံနဲ့လွှဲလို့ရမလဲဆိုတာကိုသိပါတယ်။ ကျွမ်းကျင်တဲ့ခါးပိုက်နှိုက်တွေဟာ လူ့စိတ်အနေအထားအပြင် ၊ လူတစ်ယောက်ရဲ့ အာရုံ တစ်ခု၊ နှစ်ခုထက်ပိုပြီးတော့ အာရုံမစိုက်နိုင်ဘူးဆိုတာကိုပါ သိထားပါတယ်။ သူတို့တွေဟာ သင်အာရုံပြောင်းတာနဲ့ စတင်လှုပ်ရှားပါပြီ။
ခါးပိုက်နှိုက်တစ်ယောက်မှာ သူနဲ့အတူပူပေါင်းလုပ်ရှားလို့ရတဲ့သူရှိမယ်ဆိုရင်တော့ ၊ ပိုပြီးလွယ်လွယ်ကူကူ လှုပ်ရှားလို့လွယ်ကူလေဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလိုပါပဲ ခါးပိုက်နှိုက်တွေဟာ စုပေါင်းလှုပ်ရှားတာများပါတယ်။
အောက်မှာဖော်ပြထားတာကတော့ ခါးပိုက်နှိုက်တွေ အတူတကွ လှုပ်ရှားလေ့ရှိတဲ့နည်းတွေအပြင် ၊ တစ်ယောက်တည်း ဘယ်လိုလုပ်ရှားတတ်သလဲဆိုတာကိုလည်း ဖော်ပြလိုက်ပါတယ်။
ကူညီတတ်တဲ့ သူစိမ်းသူ
ခင်မင်ဖို့ကောင်းတဲ့ သူစိမ်းသူတစ်ဦးက သင့်ဂျာကင်မှာပေနေတာကို သုတ်ပေးပြီး ၊ မိနစ်အနည်းငယ်အကြာမှာ တစ်ခုခုကို ၀ယ်ဖို့ ပိုက်ဆံအိတ်ကို ထုတ်ဖို့ပြင်လိုက်တဲ့အခါမှာ ပျောက်နေတာကိုတွေ့ရမှာပါ။ တကယ်တမ်းဇာတ်လမ်းစဉ်ထား တာကတော့ ၊ သူစိမ်းတစ်ယောက်က သင့်အပေါ်ကို သောက်စရာတစ်ခုခုဖိတ်ကျအောင် စလုပ်မှာပါ ၊ ပြီးတဲ့နောက်မှာ နောက်တစ်ယောက်က စင်အောင်သုတ်ပေးနေရင်း ၊ သင်အာရုံများနေတဲ့အချိန်မှာ အနောက်ကနေ ထပ်ယောက်လာတဲ့ ခါးပိုက်နှိုက်က အသာလေးယူသွားတာပါ။
အကူအညီတောင်းသလိုနဲ့ အခွင့်ကောင်းယူသူ
သူစိမ်းတစ်ယောက်/အုပ်စုလိုက် သင့်ကို မြေပုံမှာ လမ်းညွှန်ပေးဖို့ အကူအညီတောင်းတဲ့အခါမှာ ၊ လမ်းညွှန်ပေးနေတုန်း အနောက်ကနေ သင်မသိအောင်ခိုးယူသွားလို့ရပါတယ်။
ရထားလက်မှတ်ဖြတ် ဂိတ်မှာ ကြန့်ကြာအောင်လုပ်သူ
သင်အနေနဲ့များပြားတဲ့ လူအုပ်တွေထဲမှာ လမ်းလျှောက်လာပြီး ရထားလက်မှတ်ဖြတ်တဲ့ဂိတ်နားအရောက်မှာ ၊ အရှေ့ကတစ်ယောက်က ရုတ်တရက် ရပ်လိုက်တဲ့အတွက် ၀င်တိုက်မီတဲ့အခါမှာ ၊ ကိုယ့်အနောက်ကနေလိုက်လာတဲ့သူကပါ ကိုယ့်ကို ၀င်တိုက်မီပါတော့တယ်။ အရှေ့သူက လှည့်တောင်းပန်းပြီး ၊ လက်မှတ်ဖြတ်လို့မရကြောင်း ပြောနေတဲ့အချိန်မှာ အနောက်ကသူက ပိုက်ဆံအိတ်ကို နှိုက်ယူလိုက်ပါပြီ။ အရှေ့ကသူက လက်မှတ်ဖြတ်လို့ရတဲ့အခါ ဒုတိယတစ်ကြိမ်လှည့်ပြီး တောင်းပန်းရင်း ရထားပေါ်ကို ပြေးတက်သွားပါတော့တယ်။ သင်ရထားပေါ်ရောက်လို့ထိုင်လိုက်တဲ့အချိန်မှာ ၊ သတိထားမီလိုက်မှာကတော့ ၊ သင့်ဘောင်းဘီအိတ်ကပ်အနောက်မှာထည့်ထားတဲ့ ပိုက်ဆံအိတ်ဟာ အနှိုက်ခံလိုက်ရပါပြီဆိုတာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ၀င်တိုက်မီနေတာကြောင့် သင့်အိတ်ကပ်အနောက်ထဲ လက်နဲ့နှိုက်ယူသွားတာကို သတိမထားလိုက်မီတာပါ။
လူအုပ်
သင်ရထားပေါ်မှာ မှတ်တပ်ရပ်နေတဲ့အချိန်မှာ လူအုပ်တစ်စု ထလာပြီး ၊ ဘေးနားမှာ ၀ိုင်းနေရင်း ၊ ဘူတာမှာဆင်းဖို့ပြင်သလိုနဲ့ ၊ သင့်ကိုတစ်ယောက်ပြီး တစ်ယောက် ၀င်တိုက်ရင်း ၊ ဆင်းသွားတဲ့နောက်မှာ သင့်ပိုက်ဆံအိတ်ပျောက်နေတာကို သိလိုက်ရမှာပါ။ အဲဒီလိုမျိုး အခြေအနေကြုံတွေ့ရတဲ့အခါမျိုးမှာဆိုရင် ရှောင်ထွက်လာပါ။
အလှူခံ အယောင်ဆောင်ထားသူများ
သင့်ရှိကို ကောင်းကောင်းမွန်မွန် ၀တ်စားထားတဲ့ ကောင်မလေး ၂ ယောက်ရောက်လာပြီး ၊ သူတို့ဟာ မသန်းစွမ်းများဖြစ်ပြီး ၊ ကိုင်ထားတဲ့ စာရွက်ကြီးကို ဖတ်ဖို့ပြနေရင်း ၊ သင်လှမ်းဖတ်နေတဲ့အချိန်မှာ နောက်တစ်ယောက်က အနောက်ကနေ အိတ်ထဲမှာရှိတဲ့ပစ္စည်းတွေကို နှိုက်ယူနေပါပြီ။ ဒီလိုမျိုးဖြစ်ရပ်တွေကို ပါရီမြို့မှာ ကြုံတွေ့ရတာများပါတယ်။
ခင်မင်ဖို့ကောင်းတဲ့ အရောင်းသမားများ
ဈေးထဲမှာ လှည့်ပတ်ကြည့်ရှုနေတုန်းမှာ အရမ်းဖော်ရွေဖို့ကောင်းတဲ့ အရောင်းသမားတစ်ယောက်က သင့်ကို ပစ္စည်းတစ်ခုအကြောင်းရှင်းပြနေစဉ်မှာ ၊ နောက်တစ်ယောက်က အနောက်ကနေရောက်လာပြီး ၊ အိတ်ထဲက ခိုးယူနေပါပြီ။
ရန်ပွဲအတု
သင်ရန်ဖြစ်နေတဲ့ လူတစ်စုကို အခြားသူတွေနည်းတူ ရပ်ကြည့်နေတဲ့အချိန်မှာ ၊ အခြားကို အာရုံမစိုက်နိုင်တော့ပဲ ၊ ရန်ပွဲပြီးသွားတဲ့နောက် ကိုယ့်ရဲ့ပိုက်ဆံအိတ်ကို စမ်းလိုက်တဲ့အခါမှာတော့ ပျောက်ဆုံးလို့နေပါပြီ။ တကယ်တမ်းမှာတော့ အဲဒီရန်ပွဲဟာ လူတွေရဲ့ အာရုံကိုလွှဲဖို့ သက်သက်ဟန်ဆောင်ထားတာပါ။
လိုက်လံ တောင်းရမ်းတဲ့ ကလေးများ
ရုတ်တရက် သင့်ဘေးနားကို ကလေးတစ်ဖွဲ့ရောက်လာပြီးတော့ ၊ သင့်ဘေးနားမှာ စကားပြော ၊ အော်ဟစ် တောင်းရမ်းနေရင်း အနားကနေ ပြန်ထွက်သွားတာနဲ့ ၊ သင့်ပိုက်ဆံအိတ်ကို ပြန်စမ်းကြည့်လိုက်တဲ့အခါ … ပါသွားပါပြီ။ သင့်အနေနဲ့ ခါးပိုက်နှိုက်တွေကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့ လူလတ်ပိုင်းလို့ထင်ရပေမယ့် ၊ ကလေးငယ်တွေကို ခိုးယူခိုင်းတာတွေလည်းရှိတယ်ဆိုတာကို သတိထားပါ။
အိတ်ကိုဓါးနဲ့ ခွဲယူခြင်း
အချို့ခါးပိုက်နှိုက်တွေဟာ အာရုံလွှဲဖို့ အကွက်မချတော့ပဲ ၊ သင့်အိတ်ကိုဓါးနဲ့ ခွဲယူပြီး ရသလောက် ယူသွားတတ်ပါတယ်။
မီးရထားတံခါး မပိတ်ခင် လှမ်းယူခြင်း
ခါးပိုက်နှိုက်တွေဟာ မီးရထားတံခါးပေါက်နားမှာ မတ်တပ်ရပ်နေသူတွေ ၊ ခုံမှာ ထိုင်နေတဲ့သူတွေကိုလည်း ပစ်မှတ်ထားတတ်ပါတယ်။ ခါးပိုက်နှိုက်တွေဟာ ဘူတာရောက်လို့ မီးရထားတံခါးမပိတ်ခင် ၊ ကိုယ့်အနားမှာ ရပ်နေတတ်သလို၊ တံခါးအပြင်ဘက်မှာလည်း ရပ်စောင့်နေတတ်ပြီး ၊ တံခါးမပိတ်ခင်လေးမှာ ရသလောက်ပစ္စည်းတွေကိုပဲ သင်သတိထားမီသည်ဖြစ်စေ၊ သတိမထားမီသည်ဖြစ်စေ ခိုးယူကာ ဆင်းပြေးသွားတတ်ပါတယ်။
ဝင်တိုက်မီခြင်း
ခါးပိုက်နှိုက်တွေ သာမန်လုပ်နေကျ နည်းတစ်ခုကတော့ ၀င်တိုက်မီသလိုနဲ့ အိတ်ကပ်ထဲက ပိုက်ဆံအိတ်ကို နှိုက်ယူတာပဲဖြစ်ပါတယ်။
မြန်မာပြည်ရဲ့နံပါတ် (၁) အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်ဖြစ်တဲ့ www.ads.com.mm မှာ အခုပဲ အခမဲ့ ရောင်း ၊ ၀ယ်ပြီး ၊ အပိုဝင်ငွေများ ရှာဖွေလိုက်ပါ။