ခါးပိုက်နှိုက်မခံရအောင် သတိပြုရန်များ (အပိုင်း ၁)

လွန်ခဲ့တဲ့ ရာစုနှစ်တွေကတည်းက ခါးပိုက်နှိုက်မှုတွေဟာ မြို့တွေ့ရဲ့ နေရာအနှံ့အပြားမှာ ကြုံတွေ့ရလေ့ရှိတဲ့ ပြစ်မှုတစ်ခုဖြစ်ပါတယ်။ ၁၇ ရာစုခုနှစ်ရောက်တဲ့အခါမှာတော့ ခါးပိုက်နှိုက်တွေဟာ အင်္ကျီအိတ် ၊ ဘောင်းဘီအိတ်တွေထဲမှာပါ အခိုးမခံရအောင် ၊ လုံလုံခြုံခြုံသိမ်းဆည်းထားတဲ့ ပိုက်ဆံအိတ်တွေကို လူသူ မသိအောင် နှိုက်ယူထားနိုင်တဲ့အထိ ရဲတင်းလို့လာခဲ့ပါတယ်။ ခါးပိုက်နှိုက်မှုတွေကို သာမန်ဖြစ်ရပ်တွေလို့ အားလုံးကမြင်လေ့ရှိပေမယ့် တကယ်တမ်းအခိုးခံလိုက်ရတဲ့သူမှာတော့ အကြွေးဝယ်ကဒ်တွေ ၊ နိုင်ငံကူးလက်မှတ်တွေ ၊ ယာဉ်မောင်းလိုင်စင်တွေပျောက်ဆုံးကြောင်းကို သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားရတာနဲ့ ပြန်လျှောက်ထားရတာနဲ့ အချိန်ကုန် ၊ လူပင်ပန်းဖြစ်ရပါတယ်။ အထူးသဖြင့် နိုင်ငံကူးလက်မှတ်တွေ အခိုးခံရတာမျိုးဆိုရင် မူလလိုက်ပါမယ့် လေယာဉ်ကို မမှီတဲ့အတွက် ၊ နောက်လေယာဉ်ကို စောင့်ရတာတွေအတွက် အချိန်ရော် ၊ ပိုက်ဆံပါ ပိုကုန်ပါတယ်။

သင့်အနေနဲ့အထက်ဖော်ပြပါအခြေအနေမျိုးကို ရှောင်ရှား ၊ သတိပြုနိုင်ဖို့အတွက် ကျွမ်းကျင်သူတွေအနေနဲ့ ဘယ်လိုမျိုး လမ်းညွှန်ထားလဲဆိုတာကို မြန်မာနိုင်ငံရဲ့ နံပါတ် (၁) အခမဲ့ကြော်ငြာကဏ္ဍ၀က်ဘ်ဆိုက်ဖြစ်တဲ့ www.ads.com.mm မှ ဖော်ပြပေးလိုက်ပါတယ်။

zakkenroller1

အခြေအနေအရပ်ရပ်ကို အမြဲတမ်း သတိပြုပါ။

ခါးပိုက်အနှိုက်မခံရဖို့ပထအဆင့်ကတော့ အမြဲတမ်းသတိပြုနေဖို့လိုပါတယ်။ ဥပမာ – သင်လမ်းလျှောက်နေချိန် ၊ ဘယ်သူတွေ ကပ်လိုက်လာနေလဲ အစရှိတာတွေကို သတိပြုပါ။ ဘာဖြစ်လို့လဲဆိုတော့ သင့်အနေနဲ့ ခါးပိုက်နှိုက်တွေ ဘယ်လိုပုံစံနဲ့ကိုယ့်အနားကပ်လာနိုင်မလဲဆိုတာကို သိနိုင်မှာမဟုတ်လို့ပါ။

ခါးပိုက်နှိုက်တွေလှုပ်ရှားတတ်တဲ့ပုံစံများ –

၁။ ခါးပိုက်နှိုက်တွေအနေနဲ့ အုပ်စုလိုက်လှုပ်ရှားလေ့ရှိပါတယ်။ အဖွဲ့ထဲက တစ်ယောက် ၊ နှစ်ယောက်က သင့်အာရုံကို လွှဲအောင်ပြုလုပ်ပြီး ၊ နောက်တစ်ယောက်က တစ်ဖက်ကနေ ခိုးယူဖို့ကြိုးစားတတ်ပါတယ်။ အကယ်လို့ သင့်အာရုံကိုလွှဲဖို့ ကြိုးစားနေတဲ့ သူတွေအနားမှာရှိနေပြီဆိုရင် အထူးသတိထားပါ။

၂။ ခါးပိုက်နှိုက်တွေဟာ ကလေးငယ်တွေကိုလည်း ခိုင်းစေတတ်ပါတယ်။ ခါးပိုက်နှိုက်အများစုဟာ လူလတ်ပိုင်းတွေလို့ထင်ထားရပေမယ့် ၊ တကယ်တမ်းမှာတော့ သူတို့တွေဟာ ကလေးငယ်တွေကိုလည်း ခိုင်းစေတတ်ပါတယ်။ ကလေးငယ်လေးတွေဟာ လူတစ်ယောက်အနားကို လွယ်လွယ်ကူကူနဲ့မသိအောင် ကပ်လာလို့ရပါတယ်။ အဲဒါကြောင့် ခါးပိုက်နှိုက်ဖြစ်ပွားလေ့ရှိတဲ့နေရာနားရောက်နေလို့ သင့်နားကို ကလေးငယ်တစ်ယောက်ကပ်လာပြီဆိုရင် ၊ သင့်ကို တစ်ယောက်ယောက်က ပစ်မှတ်အဖြစ်ရွေးချယ်ထားပြီး ၊ စေခိုင်းလိုက်တာဖြစ်နိုင်ပါတယ်။

၃။ ခါးပိုက်နှိုက်တွေဟာ အ၀တ်အစားကို သေသေသပ်သပ် ၀တ်ဆင်ထားပါတယ်။ လူအများစုက ခါးပိုက်နှိုက်တွေကို ဟောင်းနွမ်းတဲ့အင်္ကျီတွေဝတ်ဆင်ထားတတ်တယ်လို့ မြင်ထားပေမယ့် ၊ တကယ်တမ်းမှာတော့ သူတို့တွေဟာ သေသေသပ်သပ် ၀တ်ဆင်ထားလေ့ရှိပါတယ်။ သူတို့တွေဟာ ပတ်ဝန်းကျင်နဲ့ အကျွမ်း တ၀င်ဖြစ်နေမှ ၊ အနီးကပ် လှုပ်ရှားလို့ရတာ လွယ်ကူတဲ့အတွက် ၊ နာမည်ကြီး အ၀တ်အစားတွေကိုလည်း ကောင်းကောင်းမွန်မွန် ၀တ်စားထားလေ့ရှိပါတယ်။ (အပိုင်း ၂…. ဆက်ရန်)

Advertisements

Author: ADS BLOG

Ads.com.mm is a classifieds website where you can post your ad for free with a simple click. Discover what individuals and professionals from all over Myanmar are selling, from used cars to furniture, real estate, jobs, mobile phones, or other used items, you can find everything you need! Make a good deal in your city today! Visit us now at www.ads.com.mm.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s