အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တွင် အိမ်တွင်း အလှမွေးတိရစ္ဆာန်ရောင်းဝယ်မှုမြင့်တက်လာ

အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် www.ads.com.mm တွင် အိမ်အလှမွေးတိရစ္ဆာန်များရောင်းလိုအားအပြင် ၀ယ်လိုအားပါ မြင့်တက်လာကြောင်းသိရသည်။

pets

လက်ရှိ ယင်း ၀က်ဘ်ဆိုက်တွင် အိမ်တွင်းအလှမွေးများအပြင် အကောင်ကြီးဖြစ်သော မြင်းဖြူကိုပါ ရောင်းချလာကြောင်းကိုတွေ့ရှိရသည်။ အဆိုပါရောင်းချမှုနှင့် ပက်သက်ပြီး Head of Public Relation ဖြစ်သူ Mr. Elijah Htang မှ “ကျွန်တော်တို့ ၀က်ဘ်ဆိုက်မှာ အိမ်တွင်းအလှမွေးဆိုပေမယ့် လက်ရှိအချိန်မှာ အမျိုးအစားစုံ  ပုံစံစုံစုံလင်လင်တွေနှင့် တိရစ္ဆာန်အကြီးတွေကိုပါ ရောင်းချလာတာကိုမြင့်တွေ့လာရပါတယ်။ အလှမွေးမြင်းဖြူတွေနှင့် နယ်ဘက်တွေမှာဆို မြင်းအညိုကိုပါ ရောင်းချလာတာကိုပါမြင့်တွေ့ရပါတယ်။ အိမ်တွင်းအလှမွေးငါးလေးတွေနှင့် ခွေးလေးတွေက ရောင်းအားမြင့်သလို အ၀ယ်လိုက်နေတာကိုတွေ့ရပါတယ်။ မွေးနေ့လက်ဆောင် ၊ အမှတ်တရလက်ဆောင်ပေးတဲ့အနေနဲ့ပါ လူတွေစိတ်ဝင်စားလာတဲ့ ကဏ္ဍတစ်ခုဖြစ်လာပါတယ်” ဟုပြောသည်။

Ads.com.mm ၏ အလှမွေးအိမ်မွေးတိရစ္ဆာန်ကဏ္ဍတွင် တိရစ္ဆာန်အမျိုးစုံ အကောင်ရေ ၆၈၅ ခန့်ရှိပြီး မိမိရှာဖွေလိုသော အမျိုးအစားကို Search Box တွင် တိုက်ရိုက်ရှာဖွေနိုင်သကဲ့သို့ ယင်းနဲ့ဆက်စပ်ပစ္စည်းများဖြစ်သော ဌက်လှောင်အိမ်များ ၊ ငါးကန်များကိုလည်း ရှာဖွေဝယ်ယူနိုင်မည်ဖြစ်သည်။

ယင်းအခမဲ့ကြော်ငြာ ၀က်ဘ်ဆိုက်တွင် အိမ်မွေးတိရစ္ဆာန် ကဏ္ဍ ၊ ဖက်ရှင်နှင့် ဆက်စပ်ပစ္စည်းများ ၊ မိုဘိုင်းဖုန်းများနှင့် ဆက်စပ်ပစ္စည်းများသည် လူငယ်များ ၀င်ရောက်ကြည့်ရှုမှုအမြင့်ဆုံးကဏ္ဍများဖြစ်သည်။

Mobile Guide Journal, Vol.3, Issue 15 (ရဲလင်းလင်းသန်း)  

Mobile Guide Jouranl Facebook Page – http://on.fb.me/1L29fGN  

Advertisements

Author: ADS BLOG

Ads.com.mm is a classifieds website where you can post your ad for free with a simple click. Discover what individuals and professionals from all over Myanmar are selling, from used cars to furniture, real estate, jobs, mobile phones, or other used items, you can find everything you need! Make a good deal in your city today! Visit us now at www.ads.com.mm.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s